A d v e r t i s e m e n t With Us

အန်စီအေကို အယုံအကြည်မရှိဟု ကရင်အဖွဲ့အစည်း ၄၀ ကျော် ကြေညာ

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)ကို နိုင်ငံရေးဆွေးနွေးပွဲ အတွက်လမ်းစအဖြစ် အယုံအကြည်မရှိဘူးလို့ ပြည်တွင်းပြည်ပက ကရင်အရပ်ဖက်လူမှု အဖွဲ့အစည်း ၄၁ဖွဲ့က ပူးတွဲကြေညာပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ အစိုးရတို့ လာမယ့် အောက်တိုဘာ ၁၅ ရက် နေပြည်တော်မှာ အန်စီအေ စာချုပ် လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေချိန်မှာ   အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ဥရောပ၊ ထိုင်းနဲ့ မလေးရှား စတဲ့ နိုင်ငံတွေ အခြေစိုက် ကရင်အဖွဲ့အစည်းတွေက အောက်တိုဘာ ၄ ရက်နေ့စွဲနဲ့ သဘောထားကြေညာလိုက်တာပါ။ သြစတေးလျကရင်အဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ မန်းအောင်လဲ(န်) “အန်စီအေလို့ခေါ်တဲ့ တပြည်လုံး အတိုင်းအတာကိုလွှမ်းခြုံတဲ့ အပစ်ခတ်ရပ်စဲရေးဖြစ်စေချင်တယ်ပေါ့။ အခုဟာက ၈ ဖွဲ့ကပဲထိုးမယ်။ ကျန်တဲ့အဖွဲ့တွေက မထိုးဘူးဆိုတဲ့အခါကျတော့ ကြီးကြီးကျယ်ကျယ် အခမ်းအနားကြီးနဲ့ပေါ့နော် လက်မှတ်ထိုးပွဲလုပ်တယ်ဆိုပေမယ့် တပြည်လုံး အတိုင်းအတာဆောင်မယ့်ဟာ မဟုတ်ဘူး။ အဲဒါကြောင့် အယုံအကြည်မရှိတာ။ ၁၅ ရက်နေ့မှာ ထိုးကြမယ်၊ အခမ်းအနားကြီးတွေနဲ့ လုပ်မယ်ဆိုတဲ့ဟာကတော့ တကယ်မှာ အနည်းစုက ထိုးပြီးများစုက ကျန်နေတယ်ဆိုတော့ တပြည်လုံးအတိုင်းအတာဖြစ်နိုင်ဘူး။ အဲဒါကြောင့် အယုံအကြည် မရှိဘူးလို့ ပြောတာပါ။ ”လို့ဒီဗွီဘီကိုပြောပါတယ်။ ကေအန်ယူခေါင်းဆောင်တွေအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးအတူ တောင်း ဆိုထားတဲ့ အားလုံးပါဝင်လက်မှတ်ထိုးရေးကို အလေးအနက်စဉ်းစားဖို့လည်း ကရင်အဖွဲ့အစည်း တွေက တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် ကေအန်ယူခေါင်းဆောင်တချို့ဟာ ဒီမိုကရေစီနဲ့ဆန့်ကျင်ကာ လက်နက်ကိုင် တိုင်းရင်းသားအများစုရဲ့ သဘောဆန္ဒကို ဖီဆန်ပြီး  အန်စီအေကို အလောတကြီး လက်မှတ်ထိုး ဖို့ လုပ်ဆောင်နေတာဟာ ကရင်လူထု တရပ်လုံးအပေါ် ပွင့်လင်းမြင်သာ တာဝန်ယူတာဝန်ခံမှု မရှိဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ကေအန်ယူက ထိန်းသိမ်းလာခဲ့တဲ့ တပ်ပေါင်းစုမူကို လက်ရှိခေါင်းဆောင်က ပျက်အောင် လုပ်ဆောင်နေတယ်လို့လည်း မန်းအောင်လဲ(န်)ဒိုက ပြောပါတယ်။ “ကေအန်ယူရဲ့လက်ရှိ ၂၀၁၅ ကွန်ဂရက်က အပြီးရွေးချယ်တင်မြောက်လိုက်တဲ့ ထိပ်ဆုံးနေရာ ရတဲ့ ခေါင်းဆောင်တချို့ဟာ ကေအန်ယူက နှစ်ပေါင်း ၆၀ ကျော်တသမတ်တည်း ထိန်းသိမ်း လာတဲ့ တပ်ပေါင်းစုမူ၊ တပ်ပေါင်းစုနဲ့ အောင်ပွဲခံရေးဆိုတဲ့မူနဲ့ တိုင်းရင်းသားတွေကို စုစုစည်းစည်းနဲ့ ဦးဆောင်လာခဲ့တာ။ အခုလက်ရှိခေါင်းဆောင်လက်ထက်မှာမှ ယူအန်အက်ဖ်စီ ကနေလည်း ရပ်နားထားတယ်။ တပ်ပေါင်းစုနဲ့ခွဲခွာပြီးတော့ပေါ့လေ ၇ ဖွဲ့ကို ကိုင်သွားတယ် ဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေအားလုံး စုစုစည်းစည်း ရှိနေတဲ့ဟာကို ခွဲထုတ်ပြီးတော့ ခေါ်သွားတဲ့ပုံစံမျိုး။” ထိုင်းနိုင်ငံ ချင်းမိုင်မှာ စက်တင်ဘာလကုန်က   ကျင်းပပြီးစီးသွားတဲ့ လက်နက်ကိုင် တိုင်းရင်းသား ထိပ်သီး အစည်းအဝေးမှာ  အစိုးရနဲ့ အန်စီအေ လက်မှတ်ထိုးမယ့် အဖွဲ့နဲ့  လက်ရှိ အခြေ အနေမှာ လက်မှတ်မထိုးနိုင်သေးတဲ့အဖွဲ့တွေဆိုပြီး အုပ်စု ၂စုကွဲသွားခဲ့တာပါ။  လက်မှတ်ထိုးမယ့်အဖွဲ့တွေထဲမှာ  ကေအန်ယူ၊ ဒီကေဘီအေနဲ့  ကရင်ငြိမ်းချမ်းရေးကောင်စီ  လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ ပါဝင်နေတာဖြစ်ပါတယ်။ ခုလို ကရင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ အန်စီအေလက်မှတ်ထိုးမယ့် အပေါ် ကရင်ပြည်နယ် မြ၀တီ ခရိုင်တွင်းက ကျေးရွာတွေက ရွာသား ၁ ထောင်ကျော်က  ထီးမယ်ဝါးခီးကျေးရွာ အားကစားကွင်းမှာ အောက်တိုဘာ ၄ ရက်နေ့က  ကြိုဆိုထောက်ခံပွဲလုပ်သွားတယ်လို့ အစိုးရပိုင်သတင်းစာတွေမှာ သတင်း ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up