ဆွီဒင်ကုမ္ပဏီအချို့ အလုပ်ချိန် ၈ နာရီမှ ၆ နာရီသို့ လျှော့ချ

ဓာတ်ပုံ - Giphy
1.4K
တရက်ကို ၆ နာရီ အလုပ်လုပ်တာဟာ အလုပ်သမားတွေကို ပိုပျော်ရွှင်စေပြီး ပိုအကျိုးဖြစ်တယ်ဆိုတာကို ဆွီဒင် အလုပ်ရှင်တွေက တွေ့ရှိရတဲ့အတွက် ဆွီဒင်ကုမ္ပဏီတချို့က အလုပ်ချိန်ကို တရက် ၈ နာရီကနေ ၆ နာရီအထိ လျှော့ချလိုက်ပါတယ်။
အလုပ်ချိန်လျှော့ချခြင်းအားဖြင့် ကာယ ဉာဏစွမ်းအား ပိုကောင်းစေတယ်လို့ သုတေသနက တွေ့ရှိရတဲ့အတွက် အောက်တိုဘာလက စလို့ တချို့သော ကုမ္ပဏီတွေက တပတ်ကို နာရီ ၄၀ ကနေ တပတ်ကို နာရီ ၃၀ ပဲ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။
အလုပ်ချိန်ကို လျှော့ချပေးလိုက်တဲ့အတွက် အလုပ်သမားတွေက လူမှုရေးကွန်ရက် အသုံးပြုတာနဲ့ တခြားမလိုအပ်တဲ့ အရာတွေ လုပ်ဆောင်တာကို ရှောင်ရှားရမှာလို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ကုမ္ပဏီတချို့ကသာ အခုလို လျှော့ချပေးလိုက်တာဖြစ်ပြီး ကုမ္ပဏီ အများစုက တပတ်ကို နာရီ ၄၀ အလုပ်လုပ်နေရတုန်းပဲလို့ ဆိုပါတယ်။
ဖစ်ကုမ္ပဏီက အမှုဆောင်အရာရှိကလည်း ၈ နာရီ အလုပ်လုပ်တာက လူတွေတွေးထင်ထားသလို မထိရောက်ဘူးလို့ထင်ကြောင်း ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၃ နှစ်ကတည်းက တရက်ကို ၆ နာရီ အလုပ်လုပ်ချိန် ပြောင်းသတ်မှတ်ထားတဲ့ ဂိုသင်ဘတ်က တိုယိုတာ ၀န်ဆောင်မှုက ၀န်ထမ်းတွေက ပိုပျော်ရွှင်သလို အကျိုးအမြတ် ပိုရရှိတယ်လို့ ပြောပါတယ်။
ဂိုသင်ဘတ် အစိုးရကလည်း ၂၀၁၄ ခုနှစ် ဧပြီကနေ စတင်ပြီး အချိန်တို အလုပ်လုပ်ရတဲ့ သူနာပြုတွေကို စမ်းသပ်ခဲ့ရာမှာ သူနာပြုတွေက ပင်ပန်းနွမ်းနယ်မှု နည်းသလို ပိုထိရောက်တယ်လို့ ဆိုပါတယ်။