A d v e r t i s e m e n t With Us

နစ်မြုပ် ကုန်သင်္ဘော ရှာဖွေစဉ် အလောင်းတလောင်းနှင့် ပျက်စီးအသက်ကယ်လှေ တွေ့

ဟာရီကိန်းမုန်တိုင်းကြောင့် နစ်မြုပ်သွားသည့် ကုန်တင်သင်္ဘော။ (ဓာတ်ပုံ - ရိုက်တာ)
အမေရိကန် ကမ်းရိုးတန်းစောင့်တပ်က အဖွဲ့ဝင်တွေဟာ အယ်လ်ဖာရို ကုန်သင်္ဘောကို ရှာနေတုန်း အလောင်းတလောင်းနဲ့ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ အသက်ကယ်လှေကို တွေ့ခဲ့တယ်လို့ အောက်တိုဘာ ၅ ရက်နေ့က ပြောပါတယ်။ ဟာရီကိန်းမုန်တိုင်း ဟွာကင်ရဲ့ လှိုင်းနဲ့ လေပွေတွေကြောင့် ကုန်သင်္ဘောဟာ ဘဟားမားကျွန်းစု ကမ်းလွန်မှာ နစ်မြုပ်ခဲ့ပြီလို့ ယူဆခဲ့ပါတယ်။ အရာရှိတွေက သင်္ဘောကို ဆက်မရှာတော့ဘူးလို့ သတင်းထောက်တွေကို မိုင်ယာမီမြို့မှာ ပြောပါတယ်။ ဟာရီကိန်း ဟွာကင်ကြောင့် ပေ ၅၀ မြင့်တဲ့ လှိုင်းတွေ ထန်ခဲ့ပါတယ်။ အဲဒီနောက် ကုန်သင်္ဘောက ဘေးအန္တရာယ် ကျရောက်ကြောင်း အောက်တိုဘာ ၁ ရက်နေ့က အကြောင်းကြားအပြီး ပျောက်ဆုံးခဲ့တာပါ။ ရှာတွေ့တဲ့ အသက်ကယ်လှေဟာ သင်္ဘောပေါ်ကဖြစ်ပြီး လူ ၄၃ ဦး တင်ဆောင်နိုင်ပါတယ်။ အသက်ကယ်ဝတ်စုံ ဝတ်ထားတဲ့ အလောင်းက ဘယ်သူဘယ်ဝါ ဆိုတာ မဖော်ထုတ်နိုင်သေးပါဘူး။ သင်္ဘောဟာ ကုန်သေတ္တာ ၃၉၁ လုံး၊ နောက်တွဲယာဉ်နဲ့ ကား ၂၉၄ စီးတို့ကို တင်ဆောင်ထားခဲ့တာပါ။ ဒီအလေးချိန်ကြောင့် လှိုင်းဒဏ် လေဒဏ်ကို ပိုပြီး မခံနိုင်ဖြစ်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ သင်္ဘောနစ်မြုပ်တဲ့ သမုဒ္ဒရာကတော့ ပေ ၁ သောင်းခွဲ နက်ပါတယ်။ အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးကင်းရေး ဘုတ်အဖွဲ့ကတော့ ကမ်းရိုးတန်းစောင့်တပ်နဲ့ အတူ စုံစမ်းစစ်ဆေးမှုလုပ်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up