A d v e r t i s e m e n t With Us

မြို့ပြအုပ်ချုပ်ရေးစနစ် ပြောင်းလဲမည်ဟု သမ္မတ ဦးသိန်းစိန် ပြောကြား

ဓာတ်ပုံ - အမ်အိုအိုင်
မြန်မာနိုင်ငံမှာ လာမယ့် ၅ နှစ်အတွင်း မြို့နယ်နဲ့ မြို့ပြအုပ်ချုပ်ရေးတွေကို အစိုးရအုပ်ချုပ်မှု စနစ်ကနေ မြို့နယ်ကောင်စီနဲ့ မြို့ကောင်စီတွေ ဖွဲ့စည်းအုပ်ချုပ်တဲ့ ပြည်သူ့အုပ်ချုပ်မှု ယန္တရားပုံစံ အသွင်ပြောင်းလဲမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့ နိုင်ငံတ၀န်းကို အစိုးရပိုင် မီဒီယာတွေကနေတဆင့် ပုံမှန် လစဉ် ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာပါ။ သမ္မတဦးသိန်းစိန်က “လာမယ့် ငါးနှစ်အတွင်းမှာ မြို့နယ်၊ မြို့ပြအုပ်ချုပ်ရေးများကို အစိုးရ အုပ်ချုပ်ရေးကနေ ပြည်သူများက ရွေးချယ်ပေးတဲ့ ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းတဲ့ Township Council, City Council များအဖြစ် ဖွဲ့စည်းပြီး ဌာနဆိုင်ရာများနဲ့ အုပ်ချုပ်မှုအစား ပြည်သူ့အုပ်ချုပ်မှု ယန္တရားအဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းနိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖြည့်စွက် ပြင်ဆင်သွားဖို့ ရည်ရွယ်ထားပါတယ်။” လို့ ပြောပါတယ်။ ဒါ့ပြင် ပြည်သူ့အုပ်ချုပ်ရေး ယန္တရား ဖြစ်မှသာ ပြည်သူတွေရဲ့ လူမှုစီးပွား လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တယ်လို့လည်း သမ္မတက ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up