A d v e r t i s e m e n t With Us

မြို့ပေါင်း ၅၀ တွင် လူငယ်ဘောလုံးအကယ်ဒမီ ကျောင်းများ ဖွင့်လှစ်မည်

မန္တလေးမြို့တွင် ဖွင့်လှစ်ခဲ့သည့် မြန်မာဘောလုံးအကယ်ဒမီ။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
မြန်မာနိုင်ငံတ၀န်း မြို့ပေါင်း ၅၀ မှာ လူငယ်ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းတွေ ဖွင့်လှစ်သွားဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ မြန်မာဘောလုံးအဖွဲ့ချုပ်အနေနဲ့ လက်ရှိ မန္တလေးမြို့နဲ့ ပုသိမ်မြို့တွေမှာ ဘောလုံးအကယ်ဒမီတွေ ဖွင့်လှစ်ထားပြီး ရန်ကုန်မှာ ဘောလုံးသင်တန်းကျောင်း နောက်တခု ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ အသစ်ဖွင့်လှစ်မယ့် သင်တန်းကျောင်းတွေဟာ ဘယ်မြို့တွေမှာလဲဆိုတာ မသိရသေးပေမယ့် လာမယ့် ၂၀၁၆ ခုနှစ်မှာ မြန်မာဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့ချုပ်က အမေရိကန်ဒေါ်လာ ၆ သန်း အသုံးပြုဖို့ ရည်မှန်းထားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိ ဖီဖာ ကမ္ဘာ့ဘောလုံးအဆင့်အတန်း သတ်မှတ်ချက် ၁၆၃ နေရာမှာ ရပ်တည်နေတဲ့ မြန်မာနိုင်ငံမှာ လက်ရွေးစင် ဘောလုံးအသင်းကြီးအတွက်ရော သက်တမ်းအလိုက် အသင်းတွေ အတွက်ပါ ထူးချွန်ထက်မြက်တဲ့ ဘောလုံးကစားသမားတွေ အဆက်မပြတ် မွေးထုတ်ပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up