A d v e r t i s e m e n t With Us

မြန်မာ့လက်ရွေးစင်အသင်း ဘန်ကောက်တွင် လေ့ကျင့် (သတင်းဓာတ်ပုံ)

ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အရင် BEC Tero အသင်း အိမ်ကွင်းဟောင်းမှာ အောက်တိုဘာ ၅ ရက်နေ့က လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲယှဉ်ပြိုင်မယ့် မြန်မာအသင်းဟာ အာရှဇုန် အုပ်စု ဂျီမှာ  တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအိုတို့နဲ့ အတူကျရောက်နေပါတယ်။ မြန်မာအသင်းဟာ ဖီဖာဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူခံထားရလို့ အိမ်ကွင်းပွဲစဉ်တွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သွားရောက်ကစားမှာဖြစ်ပြီး အောက်တိုဘာလ ၈ ရက်နေ့မှာ လက်ဘနွန်အသင်း၊ အောက်တိုဘာလ ၁၃ ရက်နေ့မှာ လာအိုအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ လက်ရှိ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၃ ပွဲ ကစားထားခဲ့ရာမှာ မြန်မာအသင်းဟာ တောင်ကိုရီးယားကို ၂ ဂိုး ဂိုးမရှိ၊ ကူဝိတ်ကို ၉ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ထားသလို လာအိုနဲ့ ၂ ဂိုးစီသရေကျလို့ ရမှတ် ၁ မှတ်သာ ရရှိထားပြီး အုပ်စုတွင်း အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ သတင်းဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်  

A d v e r t i s e m e n t With Us

More News
Up