A d v e r t i s e m e n t With Us

၂၀၁၅ ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆု ဆေးပညာရှင် ၃ ဦး ပူးတွဲရရှိ

(၀ဲမှယာ) ၀ီလျံ စီ ကင့်ဘဲလ်၊ ဆာတိုရှီ အိုမူရာနှင့် ယိုယိုတူ။ (ဓာတ်ပုံ - ရိုက်တာ)
၂၀၁၅ ခုနှစ်အတွက် နိုဘယ်လ်ဆုရရှိသူ အမည်စာရင်းကို ဆေးပညာဆိုင်ရာဆုနဲ့ စတင်လိုက်ပါတယ်။ ဆေးပညာရှင် ၃ ဦးက ပူးတွဲရရှိသွားပြီး တရုတ် တရုတ်ရိုးရာ ဆေးပညာရှင် ယိုယိုတူ (Youyou Tu) နဲ့ အတူ အမေရိကန်ပြည်ထောင်စုက ၀ီလျံ စီ ကင့်ဘဲလ် (William C. Campbell)၊ ဂျပန်က ဆာတိုရှီ အိုမူရာ (Satoshi Omura) တို့ကို ပူးတွဲချီးမြှင့်လိုက်ပါတယ်။ ကင့်ဘဲလ်နဲ့ အိုမူရာတို့ဟာ သန်ကောင် (Roundworm) ကြောင့်ဖြစ်တဲ့ ရောဂါကို ကုသပေးနိုင်တဲ့ ကုထုံးအသစ်ကို ရှာဖွေတွေ့ရှိတဲ့အတွက် ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ တရုတ်ရိုးရာဆေးပညာရှင် ယိုယိုတူးကတော့ ငှက်ဖျားရောဂါဆိုင်ရာ ကုထုံးသစ်ကို ရှာဖွေတွေ့ရှိတဲ့အတွက် နိုဘယ်လ်ဆုကို ချီးမြှင့်ခံရတာပါ။ ဆုကြေးငွေအဖြစ် ဆွီဒင်ခရောင်းငွေ ၈ သန်း၊ အမေရိကန်ဒေါ်လာ ၉ သိန်း ၆ သောင်း ချီးမြှင့်ပါတယ်။ နိုဘယ်လ် ဆေးပညာဆိုင်ရာဆုဟာ နိုဘယ်လ်ဆုတွေထဲမှာ အစောဆုံးပေးအပ်တဲ့ ဆုဖြစ်ပါတယ်။ ဒိုင်းနမိုက်တီထွင်သူ စီးပွားရေးသမား အဲဖရက် နိုဘယ်လ်ရဲ့ သေတမ်းစာပါအတိုင်း သိပ္ပံ၊ စာပေ၊ ငြိမ်းချမ်းဆိုင်ရာ ဆုတွေကို နှစ်စဉ် ချီးမြှင့်နေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up