A d v e r t i s e m e n t With Us

မော်ရင်ဟို ကို ဘောလုံးအဖွဲ့ချုပ် စွဲချက်တင်

ဓာတ်ပုံ - ရိုက်တာ
အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းနည်းပြ မော်ရင်ဟိုရဲ့ ဆောက်သမ်တန်နဲ့ ပွဲအပြီး မှတ်ချက်စကားကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က စွဲချက်တင်လိုက်ပါတယ်။ အောက်တိုဘာ ၃ ရက် အိမ်ကွင်းမှာ ဆောက်သမ်တန်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်အပြီး မီဒီယာတွေက မေးခွန်းထုတ်မှုကြောင့် ချဲလ်ဆီးအသင်းကို တာဝန်ရှိသူတွေက အမြဲ အပြစ်ပေးလေ့ရှိတယ်လို့ မှတ်ချက်ပေး ပြောဆိုခဲ့တဲ့အပေါ် စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။ ဒိုင်လူကြီး ရောဘတ် မက်လေက ချဲလ်ဆီးအသင်းကို ပင်နယ်တီ မပေးခဲ့တဲ့အပေါ် မော်ရင်ဟိုက ဝေဖန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဘောလုံးအဖွဲ့ချုပ်ကတော့ ဒီပြောဆိုချက်ဟာ တာဝန်ရှိသူတွေက ပွဲအပေါ် မျက်နှာလိုက်သလို သက်ရောက်နေတယ်လို့ စွပ်စွဲပါတယ်။ ချဲလ်ဆီးအသင်းဟာ ဆောက်သမ်တန်ကို ရှုံးတဲ့အတွက် ပရီးမီးယားလိဂ် ၈ ပွဲမှာ ၄ ပွဲရှုံးပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးနဲ့ ၁၀ မှတ်ကွာသွားပြီ ဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ခဲ့လို့  ၃၇ နှစ်အတွင်း အသင်းရဲ့သမိုင်းမှာ အဆိုးဝါးဆုံး ပရီးမီးယားလိဂ် ရာသီအစနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မော်ရင်ဟိုကို ချဲလ်ဆီးအသင်းက အပြည့်အ၀ ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up