A d v e r t i s e m e n t With Us

ဒေါ့မွန် နည်းပြဟောင်းကို လီဗာပူး ဆက်သွယ်

ဓာတ်ပုံ - ရိုက်တာ
လီဗာပူး အသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးနေရာအတွက် ဒေါ့မွန်အသင်း နည်းပြဟောင်း ဂျာဂင် ကလော့ကို ခန့်အပ်ဖို့ ဆက်သွယ်မှုတွေ ပြုလုပ်နေပါတယ်။ လီဗာပူးဟာ လက်ရှိနည်းပြ ဘရန်ဒန် ရော်ဂျာစ်ကို ရလဒ်တွေမကောင်းလို့ ထုတ်ပယ်အပြီးမှာ နည်းပြသစ်ခန့်ဖို့ လုပ်ဆောင်နေတာပါ။ အသက် ၄၈ နှစ်ရှိ ဂျာဂင် ကလော့ဟာ လီဗာပူးနည်းပြ နေရာအတွက် ထိပ်ဆုံးကနေ ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။ အသင်းရဲ့ ပိုင်ရှင်တွေက လာမယ့် အောက်တိုဘာ ၁၇ ရက်နေ့မှာ ကစားမယ့် တော့တင်ဟမ်နဲ့ပွဲ မတိုင်ခင် နည်းပြသစ်တယောက် ခန့်အပ်ဖို့ ရည်ရွယ်ထားပါတယ်။ အန်ဖီးလ်အသင်းဟာ လောလောဆယ် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ၈ ပွဲကစား ၁၂ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up