A d v e r t i s e m e n t With Us

ပျောက်ဆုံးကုန်သင်္ဘော မှဟု ယူဆရသည့် ပစ္စည်းများ ရှာဖွေတွေ့ရှိ (ရုပ်သံ)

ပျောက်ဆုံးနေတဲ့ ကုန်သင်္ဘော အယ်လ်ဖာရိုကို ရှာဖွေနေတဲ့ အမေရိကန် ကမ်းရိုးတန်းစောင့်တပ်က လေကြောင်းဝန်ထမ်းတွေဟာ အောက်တိုဘာ ၄ ရက်နေ့က အသက်ကယ် အင်္ကျီတွေ၊ ကုန်သေတ္တာတွေနဲ့ ဆီကွက်တွေကို ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့် ရှာတွေ့တဲ့ ပစ္စည်းတွေဟာ အဲ့ဒီ ကုန်သင်္ဘောပေါ်က ပစ္စည်းတွေ ဟုတ်မဟုတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ဖလော်ရီဒါပြည်နယ်ကနေ ပွာတိုရီကိုနိုင်ငံကို ထွက်လာတဲ့ ကုန်သေတ္တာတင် သင်္ဘော အယ်လ်ဖာရိုပေါ်မှာ အမေရိကန်နိုင်ငံသား ၂၈ ဦးနဲ့ ပိုလန်နိုင်ငံသား ၅ ဦး ပါပြီး ဟာရီကိန်းမုန်တိုင်း ဟွာကင်တိုက်ခတ်စဉ် အောက်တိုဘာ ၁ ရက်နေ့က ဘဟာမားကနေ အရေးပေါ် ခေါ်ဆိုခဲ့ပြီးနောက် ဘာသံမှ မကြားတော့ဘဲ ပျောက်ဆုံးသွားခဲ့တာပါ။ အမေရိကန်လေတပ်နဲ့ ကမ်းရိုးတန်းစောင့်တပ်တို့က ရှာဖွေကယ်ဆယ်ရေး လေယာဉ် ၄ စီး လွှတ်ခဲ့သလို ကမ်းရိုးတန်းစောင့် သင်္ဘောတစီးက ပစ္စည်းတွေတွေ့တဲ့ နေရာကို သွားနေပါပြီ။ လေယာဉ်မှူးတဦးက လေယာဉ် အမြင့်ပေ ၁၀၀၀ လောက်က ပျံနေချိန်မှာ မြင်နိုင်စွမ်းဟာ ၀ ဒသမ ၄ ကီလိုမီတာသာ ရှိတယ်လို့ ပြောပါတယ်။ လှိုင်းက ပေ ၂၀ ကနေ ၄၀ လောက်ထိ ကြီးနေပြီး လေတိုက်နှုန်းက တနာရီ ၁၁၅ မိုင် ရှိနေတယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။ ဟာရီကိန်း ဟွာကင်ဟာ အဆင့်လေး ဟာရီကိန်း မုန်တိုင်းဖြစ်ပြီး ဘဟားမားကျွန်းစု အလယ်ပိုင်းကို ၂ ရက်ကြာ ဖြတ်သန်း တိုက်ခတ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up