Home
မြန်မာသတင်း
မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် မိုးထစ်ချုံး ရွာသွန်းနိုင်
DVB
·
October 5, 2015
မိုးရွာသွန်းမှုအနေအထားအရ မြန်မာနိုင်ငံတ၀ှမ်းမှာ မုတ်သုန်လေဟာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းကို ရောက်ရှိနေပြီဖြစ်လို့ မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ မိုးထစ်ချုံး ရွာသွန်းနိုင်တဲ့ အနေအထားများ အများအပြားဖြစ်ပေါ်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ လာမယ့်တပတ်လုံးအတွင်း အထူးသဖြင့် မွန်းလွဲအချိန်အခါတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်ရာကနေ လျှပ်စီးလက်တာ၊ မိုးခြိမ်းတာ၊ နေရာကွက်ပြီး မိုးကြီးတာ၊ မိုးသက်လေပြင်း တိုက်ခတ်တာတွေ ဖြစ်ပေါ်တတ်တဲ့အပြင် ရံဖန်ရံခါ အားကောင်းတဲ့ မိုးတိမ်တောင်တွေ ဖြစ်တဲ့အခါမှာတော့ လေဆင်နှမောင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာတွေပါ ဖြစ်တတ်တဲ့ သဘာဝရှိတာမို့ သတိပြုနေထိုင်ဖို့လိုမယ်လို့ အောက်တိုဘာလ ၅ ရက်နေ့ကနေ အောက်တိုဘာလ (၁၁) ရက်နေ့အထိ ဒီဗွီဘီရဲ့တပတ်တာ မိုးလေဝသခန့်မှန်းချက် အစီအစဉ်မှာ ဒေါက်တာထွန်းလွင်က ပြောကြားထားပါတယ်။ ပြီးတော့လည်း ၂၀၁၅ ခုဟာ ပူနွေးပြီး ခြောက်သွေတဲ့ အယ်နီညိုရာသီဥတုဖြစ်နေတဲ့အတွက် သတိထားဖို့ လိုပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံတ၀ှမ်းမှာ ကြုံတွေ့နေရတာကတော့ ခံစားရတဲ့အပူချိန်တွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ နေထိုင်သူတွေရဲ့ ခံစားနေရတဲ့ အပူချိန်ဟာ ၄၀ ဒီဂရီအထက်မှာပဲ အမြဲလိုလို ရှိနေတာကို တွေ့နေရပါတယ်။ တခါတရံမှာ ၅၁ ဒီဂရီစင်တီဂရိတ်အထိ ခန္ဓာကိုယ်က ခံစားနေရတဲ့ အနေအထားတွေ ဖြစ်တာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ သတ်မှတ်ချက် အရတော့ ဒါဟာ လူတွေရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့အဆင့် ရှိနေတယ်လို့ သိရပါတယ်။ တကယ်လို့သာ ၅၄ ဒီဂရီအဆင့်အထိ အပူချိန်မြင့်တက်လာခဲ့ရင်တော့ အန္တရာယ် အလွန်များတဲ့အဆင့်လို့ သတ်မှတ်ထားပါတယ်။ ပြီးခဲ့တဲ့လ စက်တင်ဘာ ၃၀ ရက်နေ့က တွေ့ရှိတဲ့ တောင်တွင်းကြီးမြို့က တိမ်အစုပ်လိုက် အစုပ်လိုက် ဖြစ်ခဲ့ပုံတွေကတော့ ဆိုးရွားတဲ့ ရာသီဥတုရဲ့ ရှေ့ပြေးဖြစ်နေတတ်ခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် မိုးတိမ်တောင်တခုရဲ့ ဖြစ်ပေါ်တတ်တဲ့ မိုးကြိုးမုန်တိုင်းတခုရဲ့ ရှေ့ပြေးတွေ ဖြစ်တတ်တာ များတာကို တွေ့ရပါတယ်လို့ ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024