Sunday, May 28, 2023
HomeLead Storyတိုင်ဖွန်း မူဂျီဂဲ တရုတ်တောင်ပိုင်း ၀င်ရောက်ပြီး လေပြင်းတိုက်၊ မိုးသည်းထန် (ရုပ်သံ)

တိုင်ဖွန်း မူဂျီဂဲ တရုတ်တောင်ပိုင်း ၀င်ရောက်ပြီး လေပြင်းတိုက်၊ မိုးသည်းထန် (ရုပ်သံ)

မူဂျီဂဲ (Mujigae) တိုင်ဖွန်း မုန်တိုင်းဟာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်ထဲကို အောက်တိုဘာ ၄ ရက်နေ့က ၀င်ရောက်သွားပါတယ်။

ကျန်ဂျင်းမြို့ကို မနေ့ နေ့လယ် ၂ နာရီ ၁၀ မှာ ၀င်ရောက်သွားပြီး လေပြင်းနဲ့အတူ မိုးသည်းထန်နေတယ်လို့ မိုးလေ၀သဌာနက ဆိုပါတယ်။

ဟိုင်နန်နဲ့ ကွမ်ဇီဒေသတွေမှာလည်း မိုးသည်းထန်ပြီး လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရသလို လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းထားရပါတယ်။

မူဂျီဂဲတိုင်ဖွန်းမုန်တိုင်းဟာ ဒီပြည်နယ်တွေအတွက်  အခုနှစ်ရဲ့ ၂၂ လုံးမြောက် တိုင်ဖွန်းမုန်တိုင်း ဖြစ်ပါတယ်။

မုန်တိုင်းမကျမီ ကွမ်တုံပြည်နယ်ဒေသခံ ငါးဖမ်းစက်လှေ ၄ သောင်းနီးပါးနဲ့ တံငါသည် ၁ သောင်းကျော် ဆိပ်ကမ်းကို ပြန်ခေါ်ခဲ့ရပါတယ်။

ဟိုင်နန်ကျွန်းကို သင်္ဘောနဲ့ ရထား အ၀င်အထွက်အားလုံး ပိတ်ထားလိုက်ပြီး မေလန် (Meilan) နိုင်ငံတကာလေဆိပ်ရဲ့ လေယာဉ်ခရီးစဉ် ၃၇ ခုကိုလည်း ပြည်နယ်အာဏာပိုင်တွေက ဖျက်သိမ်းခဲ့ရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular