ဆန်းဒါးလန်း နည်းပြ ရာထူးမှနုတ်ထွက်

ဓာတ်ပုံ - ရိုက်တာ
926
ဆန်းဒါးလန်း အသင်း နည်းပြဖြစ်သူ ဒစ် အဒ်ဗိုကတ် နည်းပြရာထူးကနေ အောက်တိုဘာ ၄ ရက်နေ့က နုတ်ထွက်သွားခဲ့ပါတယ်။
သူ့ရဲ့အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲအပြီး နိုင်ပွဲတပွဲမှ မရှိဘဲ အဆင့် ၁၉ ကို ရောက်နေတာပါ။
ပရီးမီးယားလိဂ်မှာတော့ သူဟာ အခုနှစ်အတွက် ပထမဆုံး နည်းပြရာထူး အပြောင်းအလဲ ဖြစ်ခဲ့သူပါ။ သူဟာ မတ်လက စတင်ပြီး အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
ပေါင် ၂၅ သန်း အသုံးပြုပြီး အသင်းအတွက် ကစားသမားတွေ ၀ယ်ယူ အားဖြည့်ခဲ့ပေမယ့်လည်း အခုချိန်အထိ ၁ မှတ်သာ ရထားတာပါ။
အဒ်ဗိုကတ်ကတော့ အသင်းကို ပြောင်းလဲပစ်ဖို့ အချိန်အများအပြား လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။