A d v e r t i s e m e n t With Us

မြန်မာယူ ၁၉ အသင်း ဟောင်ကောင်အသင်းကို အနိုင်ရ

အောက်တိုဘာ ၄ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်သွားတဲ့ အာရှယူ ၁၉  ခြေစစ်ပွဲမှာ မြန်မာက ဟောင်ကောင်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ပွဲကစကတည်းက မြန်မာအသင်းက အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာပြီး ဟောင်ကောင်ဖက်ကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မြန်မာ ယူ၁၉ အသင်းဂိုးရဖို့ ပိုမို တိုက်စစ်တင် ကစားလာပြီး ပွဲချိန် ၇၂ မိနစ်မှာ  လာခဲ့ပြီး တသင်းလုံး ဂိုးရဖို့တင် ကစားလာခဲ့ပါတယ်။ ပွဲချိန်မိနစ် ၇၂ မိနစ်မှာ ဟောင်ကောင် အသင်းက တန်ပြန်တိုက်စစ်ကနေ ဦးဆောင်ဂိုး ရသွားပါတယ်။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်းမှာ မြန်မာအသင်း ဖိအားပေး ကစားနိုင်ခဲ့ပြီး ၈၈ မိနစ်မှာ ချေပဂိုးကို စစ်မင်းက သွင်းယူပါတယ်။ ချေပဂိုး ပေးလိုက်ရပြီး နောက်ပိုင်း ဟောင်ကောင် ကစားအား ကျသွားခဲ့ပါတယ်။ မြန်မာယူ ၁၉  အတွက် အနိုင်ဂိုးကို အချိန်ပိုမိနစ်မှာ အောင်မိုးသူက သွင်းယူပြီး အနိုင်ရ သွားတာပါ။  အခု နိုင်ပွဲကြောင့် မြန်မာယူ ၁၉  အသင်းဟာ ၃ ပွဲကစား  ၇ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပြီး ဗီယက်နမ်က ၉  မှတ်နဲ့  ဦးဆောင်နေပါတယ်။ အုပ်စု နောက်ဆုံးပွဲစဉ်မှာ မြန်မာက ဗီယက်နမ်ကို အနိုင်ကစားနိုင်ရင် အုပ်စု ဗိုလ်အဖြစ်နဲ့ တိုက်ရိုက် ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Myanmar Football Federation  

A d v e r t i s e m e n t With Us

More News
Up