အာဆင်နယ်က ၃ ဂိုး ဂိုးမရှိဖြင့် မန်ယူကို အနိုင်ရ (ရုပ်သံဟိုက်လိုက်)

2.9K
အောက်တိုဘာလ ၄ ရက်နေ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပွဲစချိန် ၆ မိနစ်အတွင်းမှာပဲ ၂ ဂိုးသွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး အဖွင့်ဦးဆောင်ဂိုးကိုတော့ ဆန်းချက်ဇ်က ၅ မိနစ်အကြာမှာ သွင်းယူခဲ့တာပါ။ နောက်ထပ် ၁ မိနစ်အကြာမှာတော့ အိုဇေးလ်က နောက်ထပ် ၁ ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။
တတိယမြောက်အနိုင်ဂိုးကိုတော့ ဆန်းချက်ဇ်ကပဲ မိနစ် ၂၀ အကြာမှာ ထပ်မံသွင်းယူခဲ့ပြီး ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။