Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့ အောက်တိုဘာ ၁၅ ရက်နေ့ အပစ်ရပ်လက်မှတ်ထိုးမည်
DVB
·
October 5, 2015
အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့က လာမယ့် အောက်တိုဘာ ၁၅ ရက် မနက်ပိုင်း နေပြည်တော်မှာ အပစ်ရပ်လက်မှတ်ထိုးကြဖို့ သတ်မှတ်လိုက်ပါတယ်။ ဒါ့အပြင် တဖက် (၁၀) ဦးစီပါဝင်တဲ့ တနိုင်ငံလုံး “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ပူးတွဲကော်မတီ” ကို ဖွဲ့စည်းခဲ့ပါတယ်။ အောက်တိုဘာ ၄ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ညှိနှိုင်းပွဲမှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA အဖွဲ့လည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ညှိနှိုင်းပွဲမှာ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။ စက်တင်ဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ၃ ရက်ကြာမြင့်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးကို ၁၉ ဖွဲ့က တက်ရောက်တဲ့အနက် ၇ ဖွဲ့က လတ်တလော လက်မှတ်ထိုးဖို့ ဆုံးဖြတ်ပြီး ကျန် ၁၂ ဖွဲ့က အားလုံးအတူတကွ ပါဝင်လက်မှတ်ရေးထိုးရေးကို ဆက်လက်စွဲကိုင်ထားကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024