A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးအဖြစ် ဗန်းမော်မြို့သို့ ဆက်လက်ထွက်ခွာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်ကို ဒီကနေ့ အောက်တိုဘာလ ၅ ရက်နေ့မှာ ဗန်းမော်မြို့ကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့က စတင်ခဲ့တဲ့ ဒီခရီးစဉ်မှာ ကချင်ပြည်နယ်ထဲက မြို့တွေဖြစ်တဲ့ မြစ်ကြီးနား၊ ဝိုင်းမှော်၊ မိုးကောင်း၊ မိုးညှင်း၊ တနိုင်း၊ ဟိုပင် စတဲ့ မြို့တွေက ဒေသခံလူထုတွေကို မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ခရီးစဉ်မှာတော့ ဗန်းမော်ဒေသခံတွေနဲ့ မန်စီ ကွင်းမှာ တွေဆုံမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ကို အောက်တိုဘာ ၆ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up