တရုတ်နိုင်ငံ တောင်ပိုင်း တိုင်ဖုန်းမုန်တိုင်းဝင်ရောက် (ရုပ်သံ)

1.2K
မူဂျီဂဲ Mujigae တိုင်ဖုန်းမုန်တိုင်းဟာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်ထဲကို အောက်တိုဘာ ၄ ရက်နေ့က ၀င်ရောက်ခဲ့ပါတယ်။
ကျန်ဂျင်းမြို့ကို မနက် ညနေ ၂ နာရီ ၁၀ မှာ ၀င်ရောက်သွားပြီး လေပြင်းနဲ့အတူ မိုးသည်းထန်နေတယ်လို့ တရုတ်မိုးလေ၀သဌာနက ဆိုပါတယ်။
ဟိုင်နန်နဲ့ ကွမ်ဇီ ဒေသတွေမှာလည်း မိုးသည်းထန်ပြီး လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရသလို၊ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းထားရပါတယ်။
မူဂျီဂဲ (Mujigae) တိုင်ဖွန်းမုန်တိုင်း ဟာ ဒီပြည်နယ်တွေအတွက် အခုနှစ်ရဲ့ ၂၂ လုံးမြောက် တိုင်ဖုန်းမုန်တိုင်းဖြစ်ပါတယ်။
မုန်တိုင်းအကြိုမှာ ကွမ်တုံပြည်နယ်ဒေသခံ ငါးဖမ်းစက်လှေ ၄ သောင်းနီးပါးနဲ့ တံငါသည် ၁ သောင်းကျော်ကို ဆိပ်ကမ်းကို ပြန်ခေါ်ခဲ့ရပါတယ်။
ဟိုင်နန်ကျွန်းကို သင်္ဘော၊ ရထားအ၀င်အထွက် အားလုံး ပိတ်ထားလိုက်ပြီး မေလန် Meilan နိုင်ငံတကာလေဆိပ်ရဲ့ လေယာဉ်ခရီးစဉ် ၃၇ ခုကိုလည်း ပြည်နယ်အာဏာပိုင်တွေက ဖျက်သိမ်းခဲ့ရပါတယ်။