ရေကြီးရေလျှံမှုကြောင့် ပြင်သစ်တွင် လူ ၁၃ ဦး ရေနစ်သေဆုံး (ရုပ်သံ)

1.5K
ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း အဲ့လ်ပ်ပင်လယ်ကမ်းရိုးတန်းဒေသမှာ မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ Skynews သတင်းမှာ ဖော်ပြပါတယ်။
အဲ့လ်ပ်ပင်လယ်ကမ်းရိုးတန်းဒေသဟာ အီတလီနိုင်ငံနဲ့ နယ်စပ်မြေထဲပင်လယ် ကမ်းရိုးတန်းမှာ တည်ရှိတာဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းမှာ ရုတ်တရက် မိုးသည်းသည်းထန်ထန် ရွာခဲ့တာဖြစ်ပါတယ်။
လူ ၈ ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ပြီး ၅ ဦးကတော့ ခုချိန်ထိ ပျောက်ဆုံးနေ တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အဲဒီထဲက လူ ၅ ဦးဟာ သူတို့ရဲ့ကားတွေကို အမိုးအကာအောက်မှာ ထားရှိဖို့ကြိုး စားတုန်းမှာ ရေနစ်သေဆုံးခဲ့ကြတာဖြစ်နိုင်ပြီး တခြား ၃ ဦးကတော့ သူတို့ရဲ့ ကားတွေ ထဲမှာ ရှိနေစဉ်မှာပဲ ရေအောက်တူးမြောင်းထဲကို ရေရဲ့တွန်းအားကြောင့် မျောပါပြီး ရေ နစ် သေဆုံးခဲ့ကြတာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ပြင်သစ်နိုင်ငံ သက်ဆိုင်ရာတာဝန်ရှိသူတွေက ခုလို မိုးသည်းထန်မှုနဲ့ ရေကြီးရေ လျှံမှုကြောင့် နိုက်စ်မြို့မှာ ကျင်းပနေဆဲဖြစ်တဲ့ ဘောလုံးပွဲကို ရပ်နားထားခဲ့ရပြီး အေ-၈ လမ်းမကြီးနဲ့ ကိန်းစ်မြို့ဘူတာရုံကို ပိတ်ထားခဲ့ရတယ်လို့ ပြောပါတယ်။
လူထောင်ပေါင်းများစွာဟာ သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ကမ္ဘာလှည့်ခရီးသည် ၅၀၀ ကျော်လောက်ဟာ နိုက်စ်မြို့လေဆိပ်မှာ ခရီးစဉ်ရပ်နားခဲ့ ကြရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။