နည်းပြရာထူးမှ မနုတ်ထွက်ဟု မော်ရင်ဟိုပြော

1.4K
ချဲလ်ဆီးအသင်းရဲ့ နည်းပြ ရာထူးကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့ နည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။
နည်းပြအဖြစ်ကနေ သူ့ကို ဖယ်ရှားချင်ရင်တော့ ထုတ်ပစ်မှပဲ ရမယ်လို့ မော်ရင်ဟိုက ပြောပါတယ်။
လက်ရှိ ချန်ပီယံ ချဲလ်ဆီးအသင်းက အိမ်ကွင်းမှာ ဆောက်သမ်တန်ကို အောက်တိုဘာ ၃ ရက်နေ့ညက ရှုံးတဲ့ပွဲအပြီးမှာ ပြောဆိုလိုက်တာပါ။
ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၄ ပွဲမြောက် ရှုံးပွဲတွေ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ရမှတ် ၈ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ မှာ ရှိနေပြီး ဇယားထိပ်က မန်စီးတီးနဲ့ ၁၀ မှတ်အကွာကို ရောက်ရှိနေပါတယ်။
ဒီနှစ်မှာ ချန်ပီယံဆုကို ကာကွယ်ဖို့ မလွယ်ကူတော့ဘဲ ရာသီအကုန်မှာ အဆင့် ၄ ၀င်ဖို့ပဲ ကြိုးစားရတော့မယ်လို့ မော်ရင်ဟိုက ပြောဆိုသွားပါတယ်။