နိုင်ငံပေါင်း ၂၂ နိုင်ငံပါဝင်သည့် မိုးပျံပူဖောင်း ပျံသန်းမှုပြိုင်ပွဲ (ရုပ်သံ)

1K
နှစ်စဉ်ကျင်းပမြဲ နိုင်ငံတကာ မိုးပျံပူဖောင်းပွဲတော်ကို အောက်တိုဘာ ၃ ရက်နေ့က အမေရိကန်ပြည်ထောင်စုအနောက်တောင်ပိုင်း၊ နယူးမက္ကဆီကိုပြည်နယ်မှာ စတင်ကျင်းပခဲ့ပါတယ်။
နိုင်ငံပေါင်း ၂၂ နိုင်ငံက မိုးပျံပူဖောင်း ၅၅၀ ကျော် ပါဝင်ပြီး အခုနှစ်မှာ လေပူဖောင်းအရုပ် ၁၀၀ ကျော်လည်း ပါဝင်ခဲ့ပါတယ်။
နယူးမက္ကဆီကိုပြည်နယ်မြို့တော် အဘူကာကီမြို့မှာ တပတ်ကြာကျင်းပမှာဖြစ်ပြီး မိုးပျံပူဖောင်းပွဲတော်တွေထဲမှာတော့ လူသိအများဆုံး ပွဲတော်အဖြစ်ထင်ရှားပါတယ်။
နေ့ခင်း မိုးပျံပူဖောင်းစီးမှုအစီအစဉ်အပြင် မိုးပျံပူဖောင်းပျံသန်းမှုပြိုင်ပွဲနဲ့ ညမီး အလှပြပျံသန်းမှုအစီအစဉ်တွေလည်း ပါဝင်တယ်လို့ ပွဲစီစဉ်တွေက ပြောဆိုပါတယ်။