ဂျပန်တဦး ဘင်္ဂလားဒေ့ရှ်တွင် သေနတ်ပစ်ခံရ သေဆုံး (ရုပ်သံ)

1.1K
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းက ရန်ပါ (Rangpur) ခရိုင်မှာ အောက်တိုဘာ ၃ ရက်နေ့က ဂျပန်နိုင်ငံသားတဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
ဒါဟာ နိုင်ငံခြားသားတဦး တပတ်အတွင်း ဒုတိယမြောက်သတ်ဖြတ်ခံရတာပါ။ ပြီးခဲ့တဲ့တပတ်ကလည်း အီတလီနိုင်ငံသားတဦး ဒါကာမြို့တော်မှာ သတ်ဖြတ်ခံရပြီး အိုင်အက်စ်အကြမ်းဖက်တပ်ဖွဲ့က သတ်ဖြတ်တာလို့ ကြေညာထားပါတယ်။
အခု ဂျပန်နိုင်ငံသားသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ဂျပန်သံရုံးက စုံစမ်းနေပြီး ဒီသတ်ဖြတ်မှုကို တာဝန်ခံတဲ့ အဖွဲ့အစည်းမရှိသေးပါဘူး။
အသက် ၆၅ နှစ်အရွယ် ကူနီယို ဟိုရှီ Kunio Hoshi ဆိုသူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိုက်ပျိုးရေးစီမံကိန်းတခုမှာ လုပ်ကိုင်နေသူဖြစ်ပါတယ်။
အရင်က ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ နိုင်ငံခြားသားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ သိပ်မရှိခဲ့ပေမယ့် အခုနောက်ပိုင်း မကြာခဏဖြစ်ပွားလာတာပါ။
အခုဂျပန်နိုင်ငံသား ပစ်သတ်မှုနဲ့ သံသယရှိသူ ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။