ထိုင်းဘုရင့် သမီးတော် သီရိဒုံ ရွှေတိဂုံဘုရားကို ဖူးမြော် (ဓာတ်ပုံ)
DVB
·
October 4, 2015
မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ထိုင်းဘုရင့်သမီးတော် သီရိဒုံဟာအောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ပါတယ်။
ထိုင်းဘုရင်သမီးတော်ဟာ အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းက ထားဝယ်ကို ရောက်ရှိပြီး ရေနက်ဆိပ်ကမ်းနဲ့ ထားဝယ်မြို့က နာမည်ကြီး ဘုရားတွေကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။
ဒီနောက် ညနေ့ပိုင်းမှာ ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ရွှေတိဂုံဘုရား ဖူးမြော်တာပါ။ မင်းသမီး သီရိဒုံဟာ အောက်တိုဘာ ၄ ရက်နေ့မှာ မြိတ်ကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒီနောက် နေပြည်တော်မှာ မြန်မာအစိုးရတာဝန် ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့ ထိုင်းနိုင်ငံကို ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။