A d v e r t i s e m e n t With Us

ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ ရှယ်ယာများ ရောင်းချပေးမည်

ဒေါက်တာ မောင်အောင်
ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီကနေ အောက်တိုဘာလ ဒုတိယအပတ်မှာ အများပြည်သူအားလုံး ပိုင်ဆိုင်နိုင်မယ့် ရှယ်ယာတွေ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ရှယ်ယာ ၁ ခုကို ကျပ် ၁ သိန်းနှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး ခုလို အများပြည်သူပိုင်ယာဉ်လိုင်းအဖြစ် ပြုလုပ်ရတာဟာ လက်ရှိပြေးဆွဲနေတဲ့ ဘတ်စကားတွေရဲ့ အားနည်းချက်တွေကို ကျော်လွှားနိုင်ဖို့နဲ့ စနစ်သစ်ပြောင်းလဲဖို့အတွက် စီစဉ်ခဲ့တာလို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒေါက်တာမောင်အောင်က ပြောပါတယ်။ စနစ်အသစ်တွေကတော့ ပိုင်ဆိုင်မှုကို အများပြည်သူပိုင်အဖြစ် ပြောင်းလဲဖို့ မြန်မာနိုင်ငံမှာ ပထမဆုံးအကောင်အထည်ဖော်မယ့် အမြန်ကားစနစ်ဖြစ်ဖို့နဲ့ အလယ်နှစ်လမ်းမောင်းစနစ်တို့ကို စတင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ပထမအသုတ်အဖြစ် ဘတ်ကား ၆၅ စီး မှာယူထားပြီး ၂၀၁၅ နှစ်ကုန်ပိုင်းလောက်မှာ ခရီးသည်းအများဆုံးစီးတဲ့ ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းတို့မှာ ပြေးဆွဲသွားမှာဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ခိုင်ပန်းနု

A d v e r t i s e m e n t With Us

More News
Up