မယ်စကြ၀ဠာ မြန်မာ အလှယ်မယ်ပြိုင်ပွဲ (ဓာတ်ပုံ)
DVB
·
October 4, 2015
ရန်ကုန်မြို့မှာ အောက်တိုဘာလ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ Miss Universe Myanmar ၂၀၁၅ ၊ ၂၀၁၆ အတွက် အလှမယ် ရွေးချယ်ပွဲမှာ ၂၀၁၅ အတွက် ဆုကို ခါးနံပါတ် (၇) မေဘရဏီသော်၊ ၂၀၁၆ အတွက် ဆုကို ခါးနံပါတ် (၁၆) ထက်ထက်ထွန်း က ရရှိသွားပါတယ်။
အထူးဆုကို ခါးနံပါတ် (၁၀) အိဖြိုးသွယ်၊ 1st Runner Up ဆုကို ခါးနံပါတ် (၂၀) ဟန်လေးနဲ့ 2nd Runner Up ဆုကို ခါးနံပါတ် (၁၄) ချိုချိုထွန်း က အသီးသီး ရရှိသွားပါတယ်။ နိုင်ငံတ၀ှမ်းက ပြိုင်ပွဲဝင်တွေကို အဆင့်ဆင့် ရွေးချယ်ကာ ယှဉ်ပြိုင်စေခဲ့ပါတယ်။
နောက်ဆုံးအဆင့် အလှမယ် ၁၀ ဦး ကို ရွေးချယ်ယှဉ်ပြိုင်စေပြီး ဆန်ကာတင် အလှမယ် ၅ ဦးကို ရွေးချယ် ဆုပေးခဲ့တာ ဖြစ်ပါတယ်။