ပရီးမီးယားလိဂ် ချဲလ်ဆီး ၁-၃ ဆောက်သမ်တန် (ရုပ်သံဟိုက်လိုက်)

2.6K
အောက်တိုဘာ ၃ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းကြီး ချဲလ်ဆီးက အိမ်ကွင်းမှာ ဆောက်သမ်တန်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားပါတယ်။
ချဲလ်ဆီးအသင်းအတွက် ပွဲချိန် ၁၀ မိနစ်မှာ ၀ီလီယံက ဦးဆောင်ဂိုး အရင်သွားယူခဲ့တာဖြစ်ပြီး ဆောက်သမ်တန်အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို စတီဗင် ဒေးဗစ်က ၄၄ မိနစ်၊ စဒီရို မန်နီက မိနစ် ၆၀နဲ့ ပယ်လီက ၇၃ မိနစ်တွေမှာ ၃ ဂိုး ပြန်လည်သွင်းယူခဲ့ကြတာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ၄ ပွဲမြောက် ရှုံးပွဲတွေ့ခဲ့တာဖြစ်ပြီး တန်းဆင်းဇုန်ရဲ့ အထက် အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။ ဆောက်သမ်တန်ကတော့ ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၉ မှာ ရှိနေပါတယ်။