A d v e r t i s e m e n t With Us

ကမ္ဘာ့အကြီးဆုံး စာအုပ်သင်္ဘော လာရောက်ကြည့်ရှုသူ များပြား (ဓာတ်ပုံ)

ကမ္ဘာ့အကြီးဆုံးစာအုပ်သင်္ဘော LOGOS HOPE ဟာ အောက်တိုဘာ ၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး ဒီနေ့ ဖွင့်လှစ်ပွဲ ကျင်းပခဲ့ရာ လာရောက်သူတွေနဲ့ စည်ကားနေပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီစာအုပ်သင်္ဘောဟာ အောက်တိုဘာ ၁၄ ရက်နေ့ထိ ရန်ကုန်မြို့ အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှာ ရပ်နားပြီး သင်္ဘောက နိုင်ငံတကာစာအုပ်အမျိုးမျိုးကို ရောင်းချသွားမှာဖြစ်ပါတယ်။ စာအုပ်သင်္ဘောမှာ နိုင်ငံတကာစာအုပ်အမျိုးအစားပေါင်း ငါးသောင်းကျော် ပြသရောင်းချထားပြီး အနည်းဆုံး မြန်မာကျပ်ငွေ ၁၂၀၀ ကနေ ဈေးနူန်းအလိုက် ဈေးအသက်သာဆုံး နှုန်းထားတွေနဲ့ရောင်းချပေးနေပါတယ်။     ဓာတ်ပုံ - အိမမမွန်

A d v e r t i s e m e n t With Us

More News
Up