ဖီဖာဥက္ကဋ္ဌ နုတ်ထွက်ရန် ကူညီထောက်ပံ့ပေးနေသည့် ကုမ္ပဏီများ တောင်းဆို

FIFA President Sepp Blatter arrives attends a media briefing to discuss the Confederations Cup and the latest preparations for next year's World Cup finals in Brazil, in Rio de Janeiro in a July 1, 2013 file photo. REUTERS/Sergio Moraes/Files
920
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကို အဓိက ပံပိုးကူညီထားတဲ့ ထိပ်တန်းကုမ္ပဏီတွေက ဥက္ကဋ္ဌ ဆပ်ဘလတ္တာကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဆွစ်ဇာလန် တာဝန်ရှိသူတွေက ဘလတ္တာကို ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ စတင်လိုက်ပြီးနောက်မှာ ကိုကာကိုလာအချိုရည်၊ မက်ဒေါ်နယ်၊ ဗီဇာကတ်နဲ့ ဘဒ်ဝိုင်ဇာ ဘီယာ ကုမ္ပဏီတွေက လာဘ်စားမှု အရှုပ်တော်ပုံတွေကြောင့် ရာထူးကနေ ဆင်းပေးဖို့ တောင်ဆိုးထားပါတယ်။
ဘလတ္တာ ရာထူးကနေ ဆင်းပေးရင် ကောင်းမွန်ပြီး တည်မြဲတဲ့ ပြန်လည်ပြုပြင်ရေး အစီအစဉ်ကို စတင်နိုင်မယ်လို့ ကိုကာကိုလာ ကုမ္ပဏီက ပြောပါတယ်။
ဗီဇာကတ် ကုမ္ပဏီကလည်း လက်ရှိ ဖီဖာ ဦးဆောင်မှုအောက်မှာ အဓိပ္ပာယ်ရှိတဲ့ ပြောင်းလဲမှုတွေ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ဘလတ္တာရဲ့ ရှေ့နေကတော့ ဘလတ္တာ နုတ်ထွက်တာဟာ ဖီဖာရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အဖြေမဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ်။
လက်ရှိအချိန်မှာ ကိုကာကိုလာ၊ မက်ဒေါ်နယ်နဲ့ ဗီဇာကတ် ကုမ္ပဏီတွေဟာ ဖီဖာနဲ့ ဘောလုံးပြိုင်ပွဲတွေကို ဒေါ်လာသန်းပေါင်း ဆယ်ချီပြီး ထောက်ပံ့နေတာလည်း ဖြစ်ပါတယ်။