A d v e r t i s e m e n t With Us

ထိုင်းဘုရင့်သမီးတော် ထားဝယ်ရောက်ရှိ

ထိုင်းဘုရင့်သမီးတော် မဟာ ချက်ကရီသီရိဒုံဟာ တနင်္သာရီတိုင်း ထားဝယ်မြို့ကို အလည်အပတ်ခရီးစဉ်အဖြစ် ဒီနေ့မနက်ပိုင်း ရောက်ရှိပါတယ်။ ခရီးစဉ်အတွင်း ဘုရင့်သမီးတော်ဟာ ထားဝယ်မြို့ ဆင်ဆိပ်ရပ် သြရဂဠုံဘုရား၊ ကျောက်မော်ရပ် မြစေတီ၊ ပိန္နဲတောရပ် ဘုရားကြီးနဲ့ ရေနက်ဆိပ်ကမ်းတွေကို သွားရောက်မယ်လို့ သိရပါတယ်။ သီရိဒုံ ခရီးစဉ်မစတင်မီ စက်တင်ဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်အတွင်း ထားဝယ်မြို့နယ် စည်ပင်သာယာက မြို့တော်အင်္ဂါရပ်နဲ့အညီ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက်ဆိုပြီး လမ်းဘေးကျူးကျော်ဆိုင်တွေနဲ့ ကျူးကျော်အမိုးအဖီတွေကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဓာတ်ပုံ - ထွန်းကျော်မောင်  

A d v e r t i s e m e n t With Us

More News
Up