ကိုရီးယားအမျိုးသား နှင့် ဇနီးဖြစ်သူ တရုတ်အမျိုးသမီး ပစ်သတ်ခံရ (ရုပ်သံ)

တောင်ကိုရီးယား အမျိုးသားနဲ့ သူ့ဇနီး တရုတ်အမျိုးသမီးတို့ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြို့ တောပိုင်းမှာ ရှိတဲ့ သူတို့ နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ ရဲအဖွဲ့က အောက်တိုဘာ ၂ ရက်နေ့က ပြောပါတယ်။ ခင်ပွန်းက ၅၄ နှစ်၊ ဇနီးသည်က ၄၀ ကျော် အရွယ် ဖြစ်ပြီး ကာလာဘာဇွန် ဒေသထဲက ရွာတရွာမှာ ရှိတဲ့ သူတို့ အိမ်ရဲ့အပြင်ဘက်က လမ်းမပေါ်မှာ အလောင်းတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီတဦးပါဆိုရင် ဖိလစ်ပိုင်မှာ ဒီနှစ်အတွင်း အသတ်ခံရတဲ့ တောင်ကိုရီးယား နိုင်ငံသား ၉ ဦး ရှိသွားပြီလို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့လတုန်းကပဲ စီးပွားရေးသမားတယောက် အသတ်ခံခဲ့ရသလို။ သြဂုတ်လတုန်းက ကိုရီးယား စုံတွဲတတွဲကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အမှု ပေါ်ပေါက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up