နည်းပြဘ၀ အဆိုးဝါးဆုံးအခြေအနေကို ရင်ဆိုနေရဟု မော်ရင်ဟိုပြော

1.1K
အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်း မန်နေဂျာ မော်ရင်ဟိုက နည်းပြဘ၀ အဆိုးဝါးဆုံး အချိန်နဲ့ ရလဒ်တွေကို တွေ့ကြုံနေရတယ်လို့ ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ၇ ပွဲကစားခဲ့ရာမှာ ၂ ပွဲနိုင် ၃ ပွဲရှုံးထားပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။
ဒါဟာ တကယ့်ကို ဆန်းပြားတဲ့ အတွေ့အကြုံတခု ဖြစ်သလို ဒီအတွေ့အကြုံကို ထပ်ပြီးတော့ ပြန်မတွေ့ချင်တော့ဘူးလို့ မော်ရင်ဟိုက ပြောပါတယ်။
ဒါ့အပြင် အသင်းမှာ မငြိမ်သက် မတည်ငြိမ်တာမရှိဘဲ ကစားသမားတွေက အကောင်းဆုံးကစားနေတယ်လို့ ဆိုပါတယ်။
အမှားလုပ်မိတဲ့ကစားသမားတွေက အမှားလုပ်မိတာကို သိသလို ခံစားတတ်တယ်လို့လည်း သူက ပြောပါတယ်။