A d v e r t i s e m e n t With Us

ထုတ်ပယ်ခံရကြောင်း ဖေ့စ်ဘွတ်ခ်ကြည့်ပြီး သိရသည့် နည်းပြ

ဘောစနီးယားနိုင်ငံ ဘောလုံးအသင်းက ထုတ်ပယ်လိုက်တဲ့အကြောင်း ဖေ့စ်ဘွတ်ခ်တဆင့် နည်းပြက သိရှိခဲ့ရပါတယ်။ အသင်းမန်နေဂျာ ဗလာဒီကာ ပက်ထရိုဗစ်က ဒရီနာ ဇာဗောနစ် ကလပ် လူမှုရေး ကွန်ရက် ဖေ့ဘွတ်ခ်ကို သွားကြည့်မှသာ အလုပ်က ထုတ်ယ်လိုက်တယ်လို့ သိရပါတယ်။ ထုတ်ပယ်လိုက်တဲ့အကြောင်း ရေးသားထားတဲ့ ပိုစ်အောက်မှာ ပက်ထရိုဗစ်က အခုလို အသိပေးတာကို ကျေးဇူးတင်တဲ့အကြောင်း ရေးသားခဲ့ပါတယ်။ မန်နေဂျာကို ဇူလိုင်လက ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ကလပ်အသင်းဟာ ၁၀ ပွဲမှာ ၈ ပွဲ ရှုံးနိမ့်ထားပါတယ်။ ဒရီနာ ဇာဗောနစ်ကလပ်အသင်းဟာ ဘော့စနီးယား ပရီးမီးယားလိဂ် အောက်ဆုံးမှာ ရပ်တည်နေပါတယ်။ ဒီဘောလုံးရာသီအတွင်း ၁၀ ယောက်မြောက် အလုပ်ပြုတ်သွားတဲ့ နည်းပြလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up