A d v e r t i s e m e n t With Us

အစိုးရဖွဲ့နိုင်ရင် မြစ်ဆုံစီမံကိန်းသဘောတူညီချက် ဖော်ထုတ်ချပြမည်ဟု ဒေါ်စုပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ အနိုင်ရလို့ အစိုးရဖွဲ့နိုင်ရင် မြစ်ဆုံစီမံကိန်းကိစ္စ အစိုးရနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ဘယ်လို သဘောတူထားလဲ ဆိုတာ ဖော်ထုတ်ချပြသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ မဲဆွယ်စည်းရုံးဟောပြောခရီးစဉ်အဖြစ် ဒီကနေ့ မနက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူလူထုတွေနဲ့ တွေ့ဆုံချိန် ပြောကြားလိုက်တာပါ။ “အစိုးရဟာ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ဘယ်လိုသဘောတူညီချက်တွေ ယူထားလဲ ဆိုတာ ပြည်သူကိုချပြဖို့ ကျမတို့ လုပ်ပါမယ်။ သဘောတူညီချက်တွေထဲမှာ ဘာပါလဲဆိုတာကို မသိဘဲနဲ့ ကျမတို့ဟာ ဟိုဟာလုပ်ပေးမယ် ဒီဟာလုပ်ပေးမယ်လို့ ပြောလို့ရှိရင် အင်မတန် တာဝန်မဲ့ရာရောက်ပါလိမ့်မယ်။ ဆိုတော့ အခုထက်ထိ မချပြသေးဘူးနော်။ အဲတော့ ကျမတို့ လည်း လုံးဝမသိဘူး။ ဆိုပါစို့ ဒီစီမံကိန်းကို ရောင်းလိုက်တယ်ဆိုရင် ဒါဟာ စီးပွားရေးအရ သဘောတူညီစာချုပ်များရဲ့ သဘောသဘာဝအရ လျော်ကြေးတွေဆိုတာ ပေးရတယ်။ နစ်နာကြေးဆိုတာ ပေးရတယ်။ ဘယ်လိုနစ်နာကြေးတွေလဲ၊ ဘယ်လိုလျော်ကြေးတွေလဲ၊ ဘယ်လောက်ထိ ကျမတို့နိုင်ငံကို ထိခိုက်နိုင်လဲ၊ ကျမတို့ ဘာမှမသိဘူး။ အဲတော့ မသိဘဲနဲ့ ကျမကနေပြီးတော့ မဲလိုချင်တာနဲ့ ရပါတယ် အကောင်းဆုံးဖြစ်အောင်လုပ်ပေးပါမယ်လို့ ပြောရင် ဒါဟာ လိမ်လည်လှည်းဖြားပြီးတော့ မဲယူတာဖြစ်ပါတယ်။ မလိုချင်ဘူး အဲလိုမဲတွေကို။  ကျမတို့လုပ်ပေးနိုင်သလောက်ပဲ ကတိပေးတယ်။ လုပ်ပေးနိုင်တာက ကျမတို့ပြည်သူအားလုံး သိအောင်လို့ ကျမတို့ချပြမယ်။ ဒီစီမံကိန်းတွေဟာ ဒီလိုဒီလို သဘောတူညီချက်တွေနဲ့ လုပ်ထားတာဖြစ်တယ်။ အဲတော့ ကျမတို့တွေဟာ ပြည်သူနဲ့တကွ အဖြေရှာရလိမ့်မယ်။ ” 12109206_887539021312749_412279482611421117_nဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အောက်တိုဘာလ ၂ ရက်နေ့ကစပြီး ကချင်ပြည်နယ် မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို စတင်လိုက်တာဖြစ်ပြီး ၆ ရက်နေ့အထိ ကချင်ပြည်နယ်က မြို့တွေမှာ မဲဆွယ်စည်းရုံးမှာဖြစ်ပါတယ်။ ဒီကနေ့တော့ မြစ်ကြီးနားနဲ့ ၀ိုင်းမော်က လူထုကိုဟောပြောခဲ့ပြီး မနက်ဖြန်မှာတော့ နမ္မတီး၊ မိုးကောင်းတွေမှာ လူထူတွေကို ဟောပြောဖို့ရှိပြီး မိုးညှင်းကို ခရီးဆက်ဖို့ရှိနေတယ်လို့ အန်အယ်လ်ဒီရဲ့ ကချင်ပြည်နယ် အောင်နိုင်ရေးတာဝန်ခံ ဦးဝင်းဗိုလ်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up