A d v e r t i s e m e n t With Us

ခေါင်းအုံးသုံးပြီး အိပ်ရာပေါ်မှ ဆင်းသည့် ကလေးငယ်ရုပ်သံ ပျံ့နှံ့

လေးဖက်ထောက်စ ကလေးငယ်က ခေါင်းအုံးတွေ အသုံးပြုပြီး အိပ်ရာပေါ်ကနေ ဆင်းပြသွားတဲ့ ရုပ်သံက အင်တာနက် အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ အိပ်ရာပေါ်ကဆင်းဖို့ ကြိုးစားတဲ့ ကလေးက ခြေထောက်နဲ့ ကြမ်းပြင်ကို မီမမီ စမ်းသပ်ခဲ့ပါတယ်။ ဆင်းဖို့မမီတဲ့ အချိန်မှာတော့ သူ့မှာရှိတဲ့ ခွန်အားနဲ့ ခေါင်းအုံးတွေကို အိပ်ရာပေါ်ကနေ တွန်းချပြီး ဒီပေါ်ကနေတဆင့် ဆင်းခဲ့ပါတယ်။ မိဘတွေက အခန်းထဲမှာ ကင်မရာကို တပ်ဆင်ပြီး ကလေးလေး အိပ်ရာပေါ်ကနေ ဘယ်လိုဆင်းသလဲ ဆိုတာကို ရိုက်ယူခဲ့ပါတယ်။ အနာဂတ် အင်ဂျင်နီယာပါရမီရှိတဲ့ သား ဆိုတဲ့ ဗွီဒီယိုဖိုင်ကို Imgur မှာ Thund3rbolt နာမည်နဲ့ စက်တင်ဘာ ၃၀ ရက်က တင်ခဲ့တာ ဖြစ်ပြီး လူ ၇ သိန်းလောက် ကြည့်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up