A d v e r t i s e m e n t With Us

ဘာကီနာဖာဆို အာဏာသိမ်း ဗိုလ်ချုပ်ကြီးကို ထိန်းသိမ်း

ထိန်းသိမ်းခံခဲ့ရသည့် အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး။ (ဓာတ်ပုံ - အီးပီအေ)
ပြီးခဲ့တဲ့လက ဘာကီနာဖာဆို နိုင်ငံမှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးကို ဘာကီနာဖာဆိုစစ်တပ်က ထိန်းသိမ်းလိုက်ပြီလို့ အောက်တိုဘာ ၁ ရက်နေ့မှာ စစ်တပ် သတင်းရင်းမြစ်တွေက ဆိုပါတယ်။ သူဟာ မြို့တော်က နိုင်ငံခြားသံရုံးတခုမှာ သွားပြီး အဖမ်းခံတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ ဘာကီနာဖာဆို အမြဲတမ်းစစ်တပ်နဲ့ အနောက်အာဖရိကနိုင်ငံ ခေါင်းဆောင်တွေက ကြားဝင်ပြီး အာဏာအသိမ်းခံရတဲ့ ယာယီသမ္မတကို ပြန်ပြီး အာဏာပေးခဲ့သလို အာဏာသိမ်းခဲ့တဲ့ သမ္မတစောင့် အထူးတပ်ဖွဲ့ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ အာဏာသိမ်း ဗိုလ်ချုပ်ကြီးဟာ ဘာကီနာဖာဆိုနိုင်ငံမှာရှိတဲ့ ဗာတီကန် ကိုယ်စားလှယ် အိမ်တော်မှာ သွားရောက်ခိုလှုံသေးတယ်လို့လည်း တရားရေး သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဆိုပေမယ့် ထိန်းသိမ်းခံရပုံ အသေးစိတ်ကိုတော့ မပြောပါဘူး။ အာဏာသိမ်းဗိုလ်ချုပ်ကြီးနဲ့ ကျန် ခေါင်းဆောင် ၁၃ ဦး ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုလည်း ပြီးခဲ့တဲ့တပတ်က ချိတ်ပိတ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up