A d v e r t i s e m e n t With Us

ကမ္ဘာ့အကြီးဆုံး ရေပေါ်စာအုပ် သင်္ဘော မြန်မာနိုင်ငံ ရောက်ရှိ

ကမ္ဘာ့နိုင်ငံ အနှံ့အပြားကို လှည့်လည်သွားလာနေတဲ့ ကမ္ဘာ့အကြီးဆုံး ရေပေါ်စာအုပ် သင်္ဘောဟာ အောက်တိုဘာ ၂ ရက်နေ့က ရန်ကုန်မြို့ အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကို ရောက်ရှိလာပါတယ်။ Logos Hope ရေပေါ် စာအုပ်သင်္ဘောဟာ အောက်တိုဘာ ၃ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ ဆိုက်ကပ် ရပ်နားထားစဉ် စာအုပ်ပြပွဲတွေ၊ ရောင်းချပွဲတွေအပြင် မှတ်တမ်း ရုပ်ရှင်ဇာတ်ကားတွေ၊ ကလေးတွေနဲ့ သင်္ဘောပေါ် လာရောက် လည်ပတ်သူတွေအတွက် အခြား ပျော်ရွှင်ဖွယ်ရာ အစီအစဉ်တွေ ကော်ဖီဆိုင်တွေ စတာတွေ ပါဝင်မှာဖြစ်ပြီး ၀င်ကြေးအခမဲ့ မည်သူမဆို သွားရောက် နိုင်တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up