A d v e r t i s e m e n t With Us

ကလေးများ ရန်ပုံငွေအတွက် ဘက်ခမ်းနှင့် ဇီဒန်းအသင်း ဘောလုံးကန်မည်

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း ခေါင်းဆောင်တဲ့ အသင်းနဲ့ ပြင်သစ်ကစားသမား ဇီဒန်းတို့ ခေါင်းဆောင်တဲ့ အသင်းတို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အတွက် ဘောလုံး ကစားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၄ ရက် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အိုးထရက်ဖိုဒ်မှာ ကစားမယ့် ပွဲမှာ ဗြိတိန်နဲ့ အိုင်ယာလန် ကိုယ်စားပြု ဘက်ခမ်းအသင်းကို ဆာအဲလက်စ်ဖာဂူဆန်က နည်းပြ အဖြစ် ဆောင်ရွက်မှာ ဖြစ်သလို ကမ္ဘာ့လက်ရွေးစင်တွေ ပါဝင်မယ့် ဇီဒန်းအသင်းအတွက် ကားလိုစ်အန်ဆယ်လော့တီက နည်းပြအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဘောလုံးပြန်ကန်ရမယ်လို့ ဘယ်တော့မှ မထင်မှတ်ထားပေမယ့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ကလေးတွေအတွက် ဘောလုံး ပြန်ကစားရမှာ ဖြစ်တယ်လို့ ဒေးဗစ်ဘက်ခမ်းက ဖေ့ဘွတ်ခ် လူမှုရေးကွန်ရက်မှာ ပါတယ်။ အိုးထရက်ဖိုဒ်မှာ ကစားရတဲ့ အတွက် ဂုဏ်ယူတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဒီပွဲအတွက် လက်မှတ်တွေကို www.manutd.com/ticketsမှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up