ဗြိတိန်တွင် မြေကျွံကျပြီး တွင်းကြီးဖြစ်ပေါ် (ရုပ်သံ)

1.8K
ဗြိတိန်နိုင်ငံက လူတွေနေထိုင်တဲ့နေရာ အနီးက လမ်းပေါ်မှာ မြေကျွံကျပြီး ကျင်းကြီးတကျင်းဖြစ်သွားတာကြောင့် အိမ်ထောင်စုတွေ ရွှေ့ပြောင်းခဲ့ရပါတယ်။
ဒီလိုမြေပြိုခဲ့တဲ့အတွက် အိမ်ထောင်စု ၅ စုနဲ့ လူ ၂၀ ရွှေ့ပြောင်းခဲ့ရသလို ဒဏ်ရာရသူတဦးတယောက်မှ မရှိဘဲ အိမ်တွေလည်း ပျက်စီးခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
အောက်တိုဘာ ၁ ရက် မနက်ပိုင်းက ဟတ်ဖို့ရှိုင်းယားက စိန့်အယ်ဘန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်နဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ ဟတ်ဖို့ရှိုင်းယား စီရင်စု ကောင်စီက ပြောပါတယ်။
ဒီကျင်းက မီတာ ၆၆ ပေ ကျယ်ပြီး ၃၃ ပေ နက်တယ်လို့ ဆိုပါတယ်။ မြေမကျွံခင်မှာ အနီးအနားက လူတွေက မြေကျွံတဲ့အသံကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
မီးသတ်တပ်ဖွဲ့ပြောခွင့်ရကတော့ အရင်က ဒီနေရာမှာ မြေဖို့ဖို့လိုနေတဲ့ ကျင်းသေးသေးကို သတိထားမိတယ်လို့ ပြောပါတယ်။
ဒီမြေကျွံသွားတဲ့နေရာကို မြေတွေဖို့ဖို့အတွက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ အရတော့ ဒီနေရာမှာ ဒီလိုကျင်းကြီးဖြစ်အောင် ကျွံကျဖို့ သံသယဖြစ်စရာ အချက်အလက် မရှိဘူးလို့ ဟတ်ဖို့ရှိုင်းယား စီရင်စု ကောင်စီက ပြောပါတယ်။
မြေကျွံတဲ့အတွက် အနီးအနား ပတ်ဝန်းကျင် ၅၂ အိမ်မှာ လျှပ်စစ်မီး၊ ရေတွေ ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။