ဖီဖာ အဆင့်သတ်မှတ်ချက် ဝေးလ်အသင်း ဘရာဇီးလ်နောက် ရောက်လာ

2.2K
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ အဆင့်သတ်မှတ်ချက်အရ ဝေးလ်အသင်းဟာ အဆင့်အမြင့်ဆုံး နံပါတ် ၈ အဆင့်ထိ ရောက်ရှိလာပြီး ဘရာဇီးလ်ရဲ့နောက်မှာ ကပ်လျက် ရပ်တည်နေပါတယ်။
စက်တင်ဘာ ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်တွေကို ထည့်သွင်းတွက်ချက်ခဲ့ပြီး သတ်မှတ်ချက် အသစ်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အခုသတ်မှတ်ချက်အရ ဝေးလ်အသင်းဟာ နံပါတ် ၁၀ အင်္ဂလန်အသင်းရဲ့ အထက်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
လိုင်ဘေးရီးယား အသင်းကတော့ ၉၅ ကနေ ၆၅ အထိ အမြင့်ဆုံး အဆင့်တက်လာတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မြောက်အိုင်ယာလန်အသင်းဟာ အဆင့် ၆ အထိ ခုန်တက်လာပြီး အဆင့် ၃၅ ကို ရောက်ရှိလာခဲ့ပါတယ်။ ဒါဟာ မြောက်အိုင်ယာလန် အသင်းအတွက် ၆ နှစ်အတွင်း အမြင့်ဆုံး တက်လာတာ ဖြစ်ပါတယ်။
စကော့တလန်အသင်းက အဆင့် ၉ လျော့ကျခဲ့ပြီး နံပါတ် ၄၀ မှာ ရပ်တည်နေပါတယ်။
အိုင်ယာလန်သမ္မတနိုင်ငံကတော့ ၃ ဆင့် လျော့ကျခဲ့ပြီး အဆင့် ၅၄ မှာ ရပ်တည်နေပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီကတော့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ နံပါတ် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အဆင့် ၁ မှာတော့ အာဂျင်တီးနား၊ ၃ မှာ ဘယ်လ်ဂျီယံ၊ ၄ မှာ ပေါ်တူဂီ၊ ၅ မှာ ကိုလံဘီယာနဲ့ ၆ ကတော့ စပိန်တို့ အသီးသီး ရပ်တည်နေပါတယ်။