တရုတ်နိုင်ငံတွင် အမြင့်ဆုံး မှန်ကြိုးတံတား ဖွင့်လှစ်

ဓာတ်ပုံ - ရိုက်တာ
1.1K
တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး မှန်ကြိုးတံတား ကို ပြီးခဲ့တဲ့တပတ် စက်တင်ဘာ ၂၄ ရက်နေ့က နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်မှာ ဖွင့်လှစ်လိုက်ပါတယ်။
အနက်ပေ ၆၀၀ နီးပါးရှိတဲ့ ချောက်ကို ဖြတ်သွယ်တန်းထားပြီး ကြိုးတံတားအရှည်ကတော့ ပေ ၁၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။
ဟူနန်ပြည်နယ် ပင်းကျင် (Pinging) မြို့နယ်မှာရှိတဲ့ အမျိုးသားကာကွယ်တောအတွင်းမှာ တည်ဆောက်ထားပြီး စက်တင်ဘာ ၂၄ ရက်နေ့က အများပြည်သူကို ဖွင့်လှစ်ပေးခဲ့တာပါ။
ဒီမှန်ကြိုးတံတားကို ပုံစံထုတ်ခဲ့တဲ့ ဒီဇိုင်နာက မူလကတော့ တံတားအခင်းကို သစ်သားပြားကိုပဲ အသုံးပြုဖို့ပေမယ့် လာရောက်လည်ပတ်သူ ဧည့်သည်တွေ စိတ်ခံစားမှု တမျိုးပေးအောင် မှန်အကြည်နဲ့ ခင်းခဲ့တာလို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ပြောဆိုပါတယ်။