A d v e r t i s e m e n t With Us

ယူရိုပါလိဂ်ပွဲ လီဗာပူး ၁ – ၁ အက်ဖ်စီ စီအွန် (ရုပ်သံဟိုက်လိုက်)

အောက်တိုဘာ ၁ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ်ပွဲစဉ် လီဗာပူး နဲ့ ဆွစ်ဇာလန်ကလပ် အက်ဖ်စီ စီအွန်တို့ပွဲမှာ ၁ ဂိုးစီ သရေကျသွားပါတယ်။ ပွဲအစ ၄ မိနစ်မှာပဲ လီဗာပူးကွင်းလယ်လူ လယ်လာနာ အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် ၁၈ မိနစ်မှာ အီဘန်နီဇာ အစီဖူအာက အက်စီ စီအွန်အတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။ အဲဒီနောက် တဘက်နဲ့တဘက် ဂိုးထပ်မသွင်းနိုင်ဘဲ ၁ ဂိုးစီသရေနဲ့ပဲ ပွဲပြီးဆုံးသွားပါတယ်။ လီဗာပူးအသင်းဟာ ယူရိုပါလိဂ် အုပ်စု ဘီမှာ အက်ဖ်စီ စီအွန်၊ ဘော်ဒိုး၊ ရူဘင်ကာဇန်တို့နဲ့ အတူကျရောက်နေပါတယ်။ အုပ်စုပွဲစဉ် ၂ ပွဲစီ ကစားထားပြီးတဲ့ အချိန်မှာ အက်ဖ်စီ စီအွန်က ၁ ပွဲနိုင် ၁ ပွဲသရေ ၄ မှတ်နဲ့ အုပ်စုပထမ၊ လီဗာပူးနဲ့ ဘော်ဒိုးက ၂ ပွဲသရေ ရမှတ် ၂ မှတ်စီတူပေမယ့် သွင်းဂိုးပိုတဲ့ လီဗာပူးက အုပ်စု ဒုတိယ၊ ဘော်ဒိုးက အုပ်စု တတိယနဲ့ ရူဘင်ကာဇန်ကတော့ အုပ်စု အောက်ဆုံး အဆင့်မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up