ဂျပန်နာမည်ကျော် မျောက်ဝံလေး ရှာဘနီ၏ အယ်လ်ဘမ် ထွက်မည်

ဂျပန်နိုင်ငံမှာ အမျိုးသမီး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ဂေါ်ရီလာ မျောက်ဝံလေး ရှာဘနီရဲ့ ဓာတ်ပုံအယ်လ်ဘမ်ကို လာမယ့် အောက်တိုဘာ ၃ ရက်နေ့ စတင်ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ တွစ်တာစာမျက်နှာမှာ သူ့ရဲ့ ယောက်ျားဆန်တဲ့ အကြည့်၊ ပုံစံတွေကြောင့် ပြီးခဲ့တဲ့ မတ်လကစတင်ပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားလာခဲ့တဲ့ ရှာဘနီကို သဘောကျချစ်ခင်ကြတဲ့ ပရိသတ်ဦးရေဟာ အမျိုးသမီးအများစုဖြစ်ပြီး ခုချိန်မှာတော့ တစထက်တစ များပြားလာနေတယ်လို့ စီစီတီဗွီသတင်းက ဖော်ပြပါတယ်။ သူ့ရဲ့ ပုံစံအမျိုးမျိုးနဲ့ ရိုက်ကူးထားတဲ့ သီးသန့်ဓာတ်ပုံတွေချည်း ဖော်ပြထားတဲ့ အယ်လ်ဘမ်ကို ဂျပန်နိုင်ငံ၊ ဖူဆိုရှာထုတ်လုပ်ရေးမှတဆင့် ဖြန့်ဝေသွားမှာဖြစ်ပြီး အဲဒီ အယ်လ်ဘမ်ကို စာဖတ်သူတွေ ပိုမိုစိတ်ဝင်စားစေဖို့ ပုံတွေရဲ့အောက်မှာ နာမည်ကျော် အိန္ဒိယနိုင်ငံ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၊ အမေရိကန်နာမည်ကျော်စာရေးဆရာ အားနက်စ်ဟဲမင်းဝေးတို့ရဲ့ အဆိုအမိန့်တွေကို ထည့်သွင်းပေးသွားမယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ သတင်းဓာတ်ပုံ - စီစီတီဗွီ  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up