A d v e r t i s e m e n t With Us

အမေရိကန်တွင် နှစ်ပေါင်း ၇၀ အတွင်း အမျိုးသမီးတဦးကို သေဒဏ်စီရင်

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်အစိုးရဟာ နှစ် ၇၀ အတွင်း ပထမဆုံးအနေနဲ့ အမျိုးသမီးတယောက်ကို စက်တင်ဘာ ၃၀ ရက်နေ့က သေဒဏ် စီရင်လိုက်တယ်လို့ အတ္တလန်တာ ရုပ်သံဌာန WSB-TVက အစီရင်ခံပါတယ်။ အသက် ၄၇ နှစ်အရွယ် ကယ်လီဂျစ်စဲန်ဒနာကို ဂျော်ဂျီယာပြည်နယ် ဂျက်ဆန်မြို့ အကျဉ်းထောင်အတွင်း ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၂၁ မိနစ်မှာ ဆေးသွင်း သေဒဏ် စီရင်လိုက်တာပါ။ ၁၉၉၇ ခုနှစ်က ခင်ပွန်းသည်ကို သတ်ဖြတ်မှုမှာ အကွက်ချစီစဉ်ခဲ့မှုအတွက် ခုလို သေဒဏ် စီရင်ခံရတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအတွင်း သေဒဏ်ကျတဲ့ ၁၆ ယောက်မြောက် အမျိုးသမီးလည်း ဖြစ်ပါတယ်။ အမေရိကန်ကို ၆ ရက်ကြာ အလည်အပတ်လာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သေဒဏ်ကို ဆန့်ကျင်ကြောင်း ဖွင့်ပြောခဲ့ပြီး သူ့အပေါ် သေဒဏ်စီရင်မှုကို ပြစ်ဒဏ် လျော့ပေါ့ပေးဖို့ အရာရှိတွေကို တိုက်တွန်းခဲ့ပါတယ်။ ပြည်နယ်ရဲ့ လွတ်ငြိမ်းသက်သာခွင့် ဘုတ်အဖွဲ့က စက်တင်ဘာ ၂၉ ရက်နေ့ အစည်းအဝေး လုပ်ခဲ့ပြီး ဂစ်စန်ဒနာရဲ့ သေဒဏ်ကို ထောင်ဒဏ် တသက်တကျွန်းအဖြစ် လျော့ပေးသင့်သလား ဆိုတာ ဆုံးဖြတ်ခဲ့ပါတယ်။ ဘုတ်အဖွဲ့ဝင်တွေက သူရဲ့ ထောင်ဒဏ် အကျင့်စရိုက်တွေနဲ့ ၁၉၉၇ ခုနှစ်က ခင်ပွန်းသည်ကို အကွက်ချ သတ်ဖြတ်မှုအပေါ် နောင်တရမှုအပေါ် မူတည်ပြီး သက်ညှာခွင့်အပေါ် နောက်ဆုံး အယူခံလွှာကို ပယ်ချခဲ့ပါတယ်။ သူရှေ့နေတွေရဲ့ အမှုသည်အတွက် သေဒဏ်နဲ့ နေထိုင်ခွင့် နောက်ဆုံး အယူခံလွှာကို အမေရိကန် အထူးတရားရုံးချုပ်က စက်တင်ဘာ ၂၉ ရက်နေ့က ငြင်းပယ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up