အီရန် အမျိုးသမီး ဘောလုံးအသင်းတွင် အမျိုးသား ၈ ဦး ပါဝင်နေ

အီရန်အမျိုးသမီးဘောလုံးအသင်း။ (ဓာတ်ပုံ - တယ်လီဂရပ်ဖ်)
အီရန် အမျိုးသမီး ဘောလုံးအသင်းက ၈ ဦးမှာ လိင်ပြောင်းလဲဖို့ ခွဲစိတ်ကုသခံရေး စောင့်ဆိုင်းနေတဲ့ အမျိုးသားတွေ ဖြစ်ပါတယ်။ အမျိုးသမီးအသင်းမှာ အမျိုးသား ၈ ဦးကို အသုံးပြုထားတဲ့အတွက် အီရန် ဘောလုံးအဖွဲ့ချုပ်ကို ကျင့်ဝတ်ချိုးဖောက်တယ်လို့ စွပ်စွဲခံနေရကြောင်း ဗြိတိန် တယ်လီဂရပ်ဖ် သတင်းမှာ ရေးပါတယ်။ အီရန်လိဂ်က အရာရှိတွေနဲ့ နီးစပ်တဲ့ မိုဂျတာဘီ ရှရီဖီက လိင်ပိုင်းဆိုင်ရာ ခွဲစိတ်မှု ပြီးစီးခြင်းမရှိဘဲ ကစားသမား ၈ ဦးဟာ အမျိုးသမီးအသင်းမှာ ကစားနေတယ်လို့ ပြောပါတယ်။ စက်တင်ဘာ ၃၀ ရက်က ပြိုင်ပွဲနဲ့ နိုင်ငံလက်ရွေးစင်အသင်း ကစားသမားတွေရဲ့ လိင်ကို စစ်ဆေးဖို့ တာဝန်ရှိသူတွေက ညွှန်ကြားခဲ့ပါတယ်။ အမျိုးသားလို့ထင်ရတဲ့ ကစားသမားတွေရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။ အီရန် အမျိုးသမီးအသင်းက ခေါင်းစည်းပ၀ါတွေ၊ ဘောင်းဘီရှည်တွေကို ၀တ်ဆင်ကစားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကလည်း နိုင်ငံလက်ရွေးစင် ကစားသမား ၄ ဦးဟာ လိင်ပိုင်းဆိုင်ရာ ခွဲစိတ်မှု မပြီးဆုံးသေးတဲ့ အမျိုးသားတွေ ဖြစ်တယ်လို့ သိရှိခဲ့တဲ့အတွက် ဘောလုံးအဖွဲ့ချုပ်က စစ်ဆေးခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်တုန်းကလည်း အသင်းဂိုးသမားဟာ အမျိုးသားဖြစ်တယ်ဆိုပြီး သံသယတွေ ဖြစ်ခဲ့ဖူးပါတယ်။ အီရန်မှာ လိင်ပိုင်းဆိုင်ရာ ခွဲစိတ်ပြောင်းလဲတာကို တရားဝင်အဖြစ် သတ်မှတ်ထားပြီး ၂ နှစ်ကြာတဲ့ လိင်ခွဲစိတ် ပြောင်းလဲမှုတွေကို ပြုလုပ်လေ့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up