Home
မြန်မာသတင်း
မကွေးတိုင်းတွင် ထူးခြားတိမ်တိုက်ဖြစ်ပေါ် မိုးသက်လေပြင်းများကျရောက်
နော်နိုရင်း
·
October 1, 2015
မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ စက်တင်ဘာလ ၃၀ ရက်နေ့ညနေက ကောင်းကင်ယံမှာ ထူးခြားတဲ့ တိမ်အစုအဝေးတွေဖြစ်ပွားခဲ့ပြီးနောက် ညပိုင်းမှာ မကွေးမြို့မှာ လေပြင်းမုန်တိုင်း တွေတိုက်ခတ်သွားတယ်။ မနေ့ည ၉ နာရီ လောက်လောက်စပြီး ညသန်းခေါင်အချိန်လောက်အထိ လေပြင်းတွေတိုက်ခဲ့လို့  မကွေးမြို့မှာ သစ်ပင်တွေလဲပြီး လျှက်စစ်မီးတွေ ပြတ်တောက်သွားခဲ့ တယ်လို့ မြို့ခံတဦးဖြစ်တဲ့ ကိုလွင်မောင်ထက်က ပြောပါတယ်။ “သစ်ပင်တွေလဲတာတွေ၊ မြို့တော်ခန်းမရှေ့ ထရန်စဖော်မာ လျှပ်စစ်မီးတိုင်တွေ လဲတာရှိတယ်။ ညက လေပြင်းတိုက်တာကတော့ တော်တော်များတယ်။ ဖြစ်တာလမ်းကြိုလမ်းကြားထဲမှာဖြစ် တယ်လေ။ စည်ပင်အဖွဲ့တွေတော့ ရှင်းနေကြတာတွေ့တယ်။ ဘောလုံးကွင်းနားက သစ်ပင်တွေ လဲနေတာတော့ လှမ်းမြင်နေရတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့။” မနေ့ညနေ ၅ နာရီလောက်ကနေ ညအထိ တောင်တွင်းကြီးမှာ ထူးခြားတဲ့ မိုးတိမ်တွေဖြစ်ပွားခဲ့ တာနဲ့ပတ်သက်ပြီးတော့လည်း မြို့ခံ ကိုအောင်ကျော်ကျော်က “မြင်လိုက်တဲ့အချိန်မှာလေ နည်းနည်းတော့ ထူးဆန်းတယ်ပေါ့နော်။ ညနေဆည်းဆာအချိန်ဆိုတော့လေ တိမ် အရောင်တွေက အရမ်းတောက်ပြီးလှနေတော့ လူတွေအကုန်လုံးကလည်းမြင်တာပေါ့နော်။  အသက်ကြီးတဲ့လူတွေ ပြောပြတဲ့စကားအရ ဒီလိုဖြစ်ပြီးရင် ငလျင်ဆိုတာလှုပ်တယ်ပေါ့။ ကျနော်တို့ဖက်မှာလည်း ငလျင်ဆိုတာ ခဏခဏ အရင်က လှုပ်ခဲ့ဖူးတယ်လေ။ အဲဒါကြောင့် လူတွေတော်တော်များများ ညအထိ ရွစိရွစိဖြစ်နေကြတာ။ အိပ်မရဘူးဖြစ်နေကြတာ။” လို့ ပြောပါတယ်။ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ဇလဗေဒ ဦးစီးဌာန အထက်မြန်မာပြည် ညွန်ကြားရေးမှူး ဦးကေကျာ်လွင်ဦးကတော့  ဒီလိုမိုးတိမ်တောင်တွေဟာ အားကောင်းတဲ့ မိုးတိမ်တောင် အမျိုးအစားဖြစ်ပြီး မိုးထစ်ချုန်းရွာတာ၊ မိုးသက်လေပြင်းတိုက်ခိုက်တာ မိုးသီးကြွေကျတာတွေ ဖြစ်တတ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “အားကောင်းတဲ့ မိုးတိမ်တောင်အမျိုးအစားမှာဆိုလို့ရှိရင် ဒီလိုမိုးတိမ် တောင်တွေက ပုံပန်းသဏ္ဍာန်တူပါတယ်။ ပိုပြီးတော့ အားကောင်းတဲ့မိုးတိမ်တောင်တွေက အရွယ်အစား ပုံပန်း သဏ္ဍာန်အမျိုးမျိုးရှိပါတယ်။ ဒီထဲက မိုးတိမ်တောင်အမျိုးအစား တခုဖြစ်တယ်ပေါ့နော်။ အားကောင်းတဲ့ မိုးတိမ်တောင်ကြီး တွေဖြစ်တယ်။ ဒါကြောင့်မို့ သက်တမ်းလေးငါးနာရီ လောက်ကြာတဲ့ မိုးတိမ်တောင်ကြောင့်မို့လို့ မိုးထစ်ချုန်းရွာတာ မိုးသက်လေပြင်းတိုက်ခိုက်တာ၊ မိုးသီးကြွေကျတာ၊ အရမ်းအားကောင်းတဲ့မိုးသီးကြွေကျတာ အဲလိုမျိုးဖြစ်တတ်တယ်ပေါ့နော်။ တခြားဒိပြင်ဆိုးဝါးတဲ့ဟာမျိုးကြီး ဖြစ်ပေါ်နိုင်ဖို့တော့မရှိပါဘူး။ သူက သက်တမ်းကာလတခုပဲ ရှိတဲ့မိုးတိမ်တောင် အားကောင်းတဲ့ မိုးတိမ်တောင် တခုပါပဲ” မကွေးမြို့မှာ လေပြင်းမုန်တိုင်းတွေတိုက်ခတ်သွားတဲ့အတွက် လူတွေထိခိုက်ဒဏ်ရာရတယ်ဆို တဲ့ သတင်းတွေကတော့ မရရှိသေးပါဘူး။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024