ပါးမား ဥက္ကဋ္ဌဟောင်းကို ဘောလုံးလောကမှ ၅ နှစ်တားမြစ်

1K
အီတလီ စီးရီးအေ ပါးမား ဥက္ကဋ္ဌဟောင်း ဂျီအန် ပီအက်ထရိုမန်နက်တီကို ဘောလုံးလောက ကနေ ၅ နှစ် တားမြစ်လိုက်ပါတယ်။
ကလပ်အသင်းက ဒေ၀ါလီခံတာကို ရှောင်ရှားဖို့ ကြိုးစားတာကို မကူညီတဲ့အတွက် အခုလို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
အကြွေးဝယ်ကတ်ပြားအတုနဲ့ တခြား တရားမ၀င် နည်းလမ်းတွေကို အသုံးပြုတဲ့အတွက် အီတလီ ဘောလုံးအဖွဲ့ချုပ်က သူ့ကို တားမြစ်ခဲ့ပါတယ်။
ပါးမားအသင်းက ပေါင် ၁၄၇ သန်းကျော် အကြွေးအတွက် ဒေ၀ါလီခံကြောင်း ကြေညာခဲ့အပြီးမှာ မန်နက်တီကို ငွေကြေးခ၀ါချမှုနဲ့ ဒီနှစ် အစောပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။
ပါးမားအသင်းဟာ မတ်လမှာ ဒေ၀ါလီခံခဲ့တာဖြစ်ပြီး အီတလီ စီးရီးအေမှာ အောက်ဆုံးက ရပ်တည်ခဲ့ပါတယ်။
၁၉၉၀ နောက်ပိုင်းမှာ ယူအီးအက်အေဖလားနဲ့ ၀င်းနားဖလားတွေကိုလည်း ပါးမားအသင်းက ရရှိခဲ့ဖူးပါတယ်။
ဒါ့အပြင် အီတလီဖလားနဲ့ ၁၉၉၆-၉၇ ဘောလုံးရာသီမှာလည်း ဒုတိယနေရာကနေ ရပ်တည်ခဲ့ပါတယ်။