A d v e r t i s e m e n t With Us

တရုတ်တွင် ဗုံး ၁၇ လုံး ဆက်တိုက်ပေါက်ကွဲ (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်းက ကွမ်းရှီးပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဗုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး လူ ၇ ဦး သေဆုံးသွားတယ်လို့ အစိုးရပိုင်သတင်းဌာနက ကြေညာပါတယ်။ ကွမ်းရှီးပြည်နယ် လျိုကျိုးမြို့အတွင်း ဗုံး ၁၇ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး အစိုးရအဆောက်အဦး တွေမှာပါ ပေါက်ကွဲခဲ့တာလို့ သတင်းက ဆိုပါတယ်။ လူအယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး အသက် ၃၃ နှစ်အရွယ် သံသယဖြစ်သူတဦးကို ဖမ်းဆီးထားတယ်လို့ အစိုးရပိုင် ကွမ်းရှီးပြည်နယ်သတင်းစာမှာ ရေးသားဖော်ပြပါတယ်။ ပြည်နယ်အာဏာပိုင်တွေကတော့ ဒီဗုံးပေါက်ကွဲမှုတွေကို အကြမ်းဖက်နဲ့ အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုမျိုးလို့ မသတ်မှတ်ပါဘူး။ ဗုံးတွေ ပေါက်ကွဲခဲ့တဲ့နေရာတွေထဲမှာ ဆေးရုံတွေ၊ အကျဉ်းထောင်နဲ့ ဈေးဝယ်ကုန်တိုက်တွေလည်း ပါဝင်ပါတယ်။ အချိန် ၂ နာရီအတွင်း ဗုံးတွေ ပေါက်ကွဲခဲ့ပြီး စာတိုက်ကနေတဆင့် ပေးပို့လိုက်တဲ့ ပါဆယ်ဗုံးတွေ ဟုတ်၊ မဟုတ် ပြည်နယ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြပါတယ်။ ကွမ်းရှီးပြည်နယ်ဟာ ဗီယက်နမ်နိုင်ငံနဲ့ နယ်စပ်မှာရှိပြီး လူနည်းစုတိုင်းရင်းသားတွေ အများအပြားနေထိုင်တဲ့ တည်ငြိမ်တဲ့ပြည်နယ်တခုဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up