A d v e r t i s e m e n t With Us

မြန်မာ ယူ ၁၉ ဘရူနိုင်းကို ၄ ဂိုးပြတ်အနိုင်ရ

အာရှ ယူ ၁၉ ခြေစစ်ပွဲမှာ မြန်မာအသင်းက  ဘရူနိုင်းကို ၄ ဂိုး ဂိုး မရှိနဲ့ အနိုင်ရရှိသွားပါတယ်။ မြန်မာအသင်းဟာ ပွဲအစအဆုံး တဖက်သတ်ဖိကစားပြီး  ဇင်ဖြိုးအောင် ၇ မိနစ်၊ ရဲရင့်အောင် ၂၆ မိနစ်၊ ထူးခန့်လွင် ၂၈ မိနစ်နဲ့ အောင်ဇင်ဖြိုးက ၄၇ မိနစ်တို့မှာ အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကစားခဲ့ပြီး  ပရိသတ်မပါဘဲ ကွင်းပိတ်ကစား ခဲ့ရတာပါ။ မြန်မာက အိမ်ရှင်အဖြစ်  လက်ခံကျင်းပခဲ့တဲ့ ၂၀၁၄ အာရှ ယူ၁၉ နောက်ဆုံးအဆင့် ပွဲစဉ် မြန်မာနဲ့ ယူအေအီးပွဲမှာ  ပရိသတ်တွေ ကစားကွင်း မြက်ခင်းပြင်ကို ဝင်ရောက်လာခဲ့တာ  ကြောင့် အိမ်ရှင် မြန်မာနိုင်ငံကို ပြစ်ဒဏ်အဖြစ် အိမ်ကွင်း ပွဲစဉ်တပွဲ ပရိသတ် မပါဘဲ ကစားဖို့ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ နောက်ပွဲတွေမှာ ပရိသတ်တွေ ၀င်ကြည့်ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ၂ ရက်နေ့မှာ တီမောအသင်း၊ ၄ ရက်နေ့မှာ ဟောင်ကောင်၊ ၆ ရက်နေ့မှာ ဗီယက်နမ်အသင်းနဲ့ ကစားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up