ယောက်ျားဖြစ်သူကို သတ်ပြီး အမျိုးသမီးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်
DVB
·
September 30, 2015
စက်တင်ဘာလ ၂၉ ရက်နေ့ညက နေပြည်တော်မှာ လူလေးဦးက လင်မယားစုံတွဲမှ ယောက်ျားဖြစ်သူကို သတ်ပြီး ၁၆ နှစ်အရွယ် အမျိုးသမီးကို အုပ်စုဖွဲ့ အဓ္ဓမမုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် Junction Centre အနောက်ဘက်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ အသက် ၁၆ နှစ်အရွယ် လင်မယားကို အမည်မသိ လူ ၄ ဦးက သံတမန်ဝင်းအရောက်မှာ ဆိုင်ကယ်ကို တွန်းလှဲကာ ယောက်ျားဖြစ်သူကို လူ ၂ ဦးက ဆွဲခေါ်ပြီး ဓားနဲ့ ထိုးခဲ့သတ်ခဲ့ပါတယ်။ အမျိုးသမီးဖြစ်သူကိုတော့ အုပ်စုဖွဲ့ အဓမ္မ မုဒိမ်းကျင့်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
အမျိုးသမီးဟာ ထွက်ပြေးလွတ်မြောက်လာပြီး ရဲတပ်ဖွဲ့မှာ အမှုဖွင့်တိုင်ကြားခဲ့တာကြောင့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်ခဲ့သူတွေကို ပုဒ်မ ၃၀၂/၃၇၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရှိပါတယ်။