ချန်ပီယံလိဂ် အုပ်စုမှတက်ရေး မျှော်လင့်ချက်မကုန်သေးဟု အာဆင်နယ် နည်းပြ ပြော

အာဆင်နယ် အသင်းအနေနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ တက်ရေး မျှော်လင့်ချက်တွေ မကုန်သေးဘူးလို့ နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။ ချန်ပီယံလိဂ် အုပ်စုအက်ဖ်မှာ ပါနေတဲ့ အာဆင်နယ်ဟာ ၂ ပွဲကစား ၂ ပွဲလုံးရှုံးပြီး ရမှတ် မရှိသေးဘဲ အမှတ်ပေးဇယား အောက်ဆုံးမှာ ရှိနေပါတယ်။ အခုအနေအထားက တော်တော် ဆိုးပါတယ်၊ ဒါပေမယ့် နောက်ကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ရလဒ်ကောင်းအောင် လုပ်ရမှာပါ" လို့ အာစင်ဝင်းဂါးက ပြောဆိုသွားပါတယ်။ အာဆင်နယ်အတွက် ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ၂ ပွဲဆက်တိုက် ရှုံးတာဟာ အသင်းသမိုင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ ဘိုင်ယန်မြူးနစ်က ၆ မှတ်နဲ့ ဦးဆောင်နေပြီး ဂရိကလပ် အိုလံပီယာကို့စ်က ၃ မှတ်နဲ့ အဆင့် ၂၊ ဒိုင်နမိုဇာဂရက်က ၃ မှတ်နဲ့ အဆင့် ၃ မှာ ရှိနေပါတယ်။ အာဆင်နယ်ဟာ တတိယမြောက် အုပ်စုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up